Connect with us

Africa & Middle East

ဆူးအက်တူးမြောင်းက ဖြတ်သန်းသွားလာသည့် သင်္ဘောများ ပိုမိုများပြားလာ၍ အခွန်ငွေ တိုးရရှိ

အီဂျစ်နိုင်ငံ အစ္စမီလီယားပြည်နယ်ရှိ ဆူးအက်တူးမြောင်းတွင် ‌ဖြတ်သန်းသွားလာနေသော ကုန်တင်သင်္ဘောကြီးအား ကြိုဆိုနှုတ်ဆက်နေသည့် ခရီးသွားများအား အောက်တိုဘာ ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အစ္စမီလီယား ၊ အီဂျစ် ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

ဆူးအက်တူးမြောင်းသည် ကမ္ဘာ့ပင်လယ်ကုန်သွယ်ရေးအတွက် အဓိက အသက်သွေးကြောဖြစ်ပြီး ကမ္ဘာ့ပင်လယ်ကုန်သွယ်ရေး၏ ၁၂ ရာခိုင်နှုန်းခန့်သည် ယင်းလူလုပ်တူးမြောင်းမှတစ်ဆင့် ဖြတ်သန်းသွားလာခဲ့ကြောင်း နှင့် အီဂျစ်နိုင်ငံအတွက် ခိုင်မာသည့်ဝင်ငွေရရှိသည့် အဓိကအရင်းအမြစ်တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

အီဂျစ်နိုင်ငံ အစ္စမီလီယားပြည်နယ်၌ ကုန်တင်သင်္ဘော ဖြတ်သန်းသွားလာစဉ် ဆူးအက်တူးမြောင်း၏ ကမ်းပါး၌ ဆော့ကစားနေသော အီဂျစ်ကလေးငယ်များအား အောက်တိုဘာ ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ အစ္စမီလီယားပြည်နယ်ရှိ ဆူးအက်တူးမြောင်းတွင် ကုန်တင်သင်္ဘောကြီး ဖြတ်သန်းသွားလာစဉ် ရေကူးနေကြသည့် အီဂျစ်ကလေးငယ်များအား အောက်တိုဘာ ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ အစ္စမီလီယားပြည်နယ်ရှိ ဆူးအက်တူးမြောင်းတွင် ‌ကုန်တင်သင်္ဘောကြီး တစ်စီးအား အောက်တိုဘာ ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ အစ္စမီလီယားပြည်နယ်၌ ကုန်တင်သင်္ဘော ဖြတ်သန်းသွားလာစဉ် ဆူးအက်တူးမြောင်း၏ ကမ်းပါး၌ အောက်တိုဘာ ၅ ရက်တွင် ခရီးသွားများက မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနေစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ အစ္စမီလီယားပြည်နယ်ရှိ ဆူးအက်တူးမြောင်းတွင် ‌ခုတ်မောင်းသွားလာနေသော ကုန်တင်သင်္ဘောကြီး တစ်စီးအား အောက်တိုဘာ ၅ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ တူးမြောင်းမှ စုစုပေါင်း သင်္ဘော ၁၃,၃၁၇ စီး ဖြတ်သန်းသွားပြီး ၂၀၂၀ ပြည့်နှစ်ကထက် ၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အီဂျစ်နိုင်ငံ၏ ဆူးအက်တူးမြောင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ တူးမြောင်းမှ အခွန်ဝင်ငွေသည် ယခုနှစ် ပထမ ၈ လတွင် ၁၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး ယခင်နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၉ ဘီလီယံအထိ မြင့်တက်လာကြောင်း သိရသည်။ (Xinhua)

…………………………………………

(English Version)
Mideast in Pictures: Suez Canal witnesses rise in passing ships, revenues

ISMAILIA, Egypt, Oct. 6 (Xinhua) — The Suez Canal is a major lifeline for global seaborne trade, some 12 percent of which pass through the man-made canal, which is also a major source of hard currency for Egypt.

A total of 13,317 vessels passed through the canal from January to August in 2021, up by 6.7 percent from 2020, said Egypt’s Suez Canal Authority. The revenues from the canal in the first eight months also climbed by 11.6 percent year on year to 4.09 billion U.S. dollars.

Photo 1 . Tourists greet a giant container ship sailing on the Suez Canal in Ismailia Province, Egypt, on Oct. 5, 2021. (Xinhua/Ahmed Gomaa)
Photo 2 . Egyptian children play on the bank of the Suez Canal as a giant container ship passes by in Ismailia Province, Egypt, on Oct. 5, 2021. (Xinhua/Ahmed Gomaa)
Photo 3 . Egyptian children swim in the Suez Canal as a giant container ship sails on the canal in Ismailia Province, Egypt, on Oct. 5, 2021. (Xinhua/Ahmed Gomaa)
Photo 4 . A giant container ship sails on the Suez Canal in Ismailia Province, Egypt, on Oct. 5, 2021. (Xinhua/Ahmed Gomaa)

Photo 5 . Tourists take pictures on the bank of the Suez Canal as a giant container ship passes by in Ismailia Province, Egypt, on Oct. 5, 2021. (Xinhua/Ahmed Gomaa)
Photo 6 . A giant container ship sails on the Suez Canal in Ismailia Province, Egypt, on Oct. 5, 2021. (Xinhua/Ahmed Gomaa)■