Connect with us

Media

ဆောင်းရာသီအားကစားပွဲအတွက် နှစ်သစ်ကူးအားလပ်ရက်တွင် အကြီးအကျယ်ပြင်ဆင်မှုပြုလုပ်

ပေကျင်း ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

၂၀၂၂ ပေကျင်း အိုလံပစ်ဆောင်းရာသီ အားကစားပြိုင်ပွဲ ကျင်းပရန် အချိန်နီးကပ်လာတာသည်နှင့်အမျှ တရုတ်နိုင်ငံရှိ ပြည်သူများသည် သူတို့၏နှစ်သစ်ကူး အားလပ်ရက်ကို ရေခဲများ ၊ နှင်းခဲများအပေါ်တွင် ပျော်ရွှင်စွာဖြတ်သန်းကြသည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ ချင်းဟိုင်ပြည်နယ်၊ မန်ယွမ် (ဟွေလူမျိုး) ကိုယ်ပိုင်အုပ်ခွင့်ရဒေသတွင် နေအိမ်အပြင်ဘက်ထွက်ရန်စိတ်အားထက်သန်နေသူများသည် Gonshka နှင်းတောင်ထိပ်အပေါ်တက်ပြီး နှစ်သစ်ကူးကိုကြိုဆိုခဲ့ကြသည်။
တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်တုံပြည်နယ်၊ ချင်းသောင်ဆိပ်ကမ်းမြို့က Zangmashan တောင်နှင်းလျှောစီးအပန်းဖြေစခန်းကိုလာရောက်လည်ပတ်ကြသူအရေအတွက်သည် စနေ၊ တနင်္ဂ
နွေ အားလပ်ရက်အတွင်း ၃ ဆတိုးခဲ့သည်။

“အားလပ်ရက်အတွင်းဆောင်းရာသီအားကစားပွဲတွေကိုပြင်ဆင်ထားပုံအဆင့်က ၃ ပိုင်းရှိပါတယ်။ အားကစားပွဲတွေကို လူတွေပိုစိတ်ဝင်စားပြီး ပါဝင်လာဖို့ ပြိုင်ပွဲတွေနဲ့ပျော်ပွဲရွှင်ပွဲတွေကို ပိုပြီးဖန်တီးနိုင်ဖို့ ကျနော်တို့တွေစီစဉ်ထားပါတယ်”

“အားကစားပြိုင်ပွဲတွေကို ဘယ်လိုစီစဥ်ရတယ်၊ ဘယ်လိုယှဥ်ပြိုင်ရတယ်ဆိုတာ ခင်ဗျားတို့သိရင် အားကစားကို ချစ်မြတ်နိုးတတ်လာမှာပါ”

ပူနွေးသောရာသီဥတုကြောင့် ဆောင်းရာသီအားကစားပွဲများပြုလုပ်ရန် လူကြိုက်သိပ်မများလှသည့် တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဟန်ကျိုးမြို့သည် လာမည့် ဆောင်းရာသီအားကစားပွဲကျင်းပရန် ပြင်ဆင်မှုအပိုင်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။

လူသန်း ၃၀၀ ပါဝင် ဆင်နွှဲရန်မျှော်မှန်းထားသည့် ရေခဲနှင့်နှင်းအားကစားပြိုင်ပွဲများနှင့်အတူ ဆောင်းရာသီအားကစားပြိုင်ပွဲများကို လူကြိုက်များရေးပန်းစားလာအောင် တရုတ်နိုင်ငံက အများအပြားထောက်ပံ့ထားသည်။(Xinhua)

………………………………….
(English Version)
GLOBALink | Winter sports frenzy during New Year’s holiday

BEIJING, Jan. 3  (Xinhua) — With the Beijing 2022 Olympic Winter Games approaching, more people in China spent their New Year’s holiday on ice and snow.

In Menyuan Hui Autonomous County, northwest China’s Qinghai Province, many outdoor enthusiasts greeted the New Year by climbing the Gonshka Snow Peak.

At Zangmashan Mountain Ski Resort in Qingdao, a port city in east China’s Shandong Province, visitor numbers had tripled during the holiday weekend.

In east China’s Hangzhou City where winter sports were not that popular due to its warmer climate, a winter sports frenzy is gaining steam.

With the vision of involving 300 million people in ice and snow sports, China has contributed a lot to popularizing winter sports.

Produced by Xinhua Global Service