Connect with us

Asia

ဆော်ဒီအာရေဗျနိုင်ငံ၏ ပထမအသုတ် အမျိုးသမီးစစ်သည်များ ကျောင်းဆင်း

ရီယာ့ဒ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

ဆော်ဒီနိုင်ငံ စစ်တပ်၏ ပထမအသုတ် အမျိုးသမီးစစ်သည်များ ကျောင်းဆင်းပွဲအခမ်းအနားကို မကြာသေးမီက ကျင်းပပြုလုပ်ခဲ့ကြောင်း Arab News က စက်တင်ဘာ ၂ ရက်တွင် ဖော်ပြခဲ့သည်။အဆိုပါ ပထမအသုတ် အမျိုးသမီးစစ်သည်အုပ်စုသည် စစ်တပ်၏ အမျိုးသမီးကေဒါလေ့ကျင့်ရေးစင်တာ၌ မေလ ၃၀ ရက်မှစတင်၍ ၁၄ ပတ်အကြာ လေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့၌ ၂၀၁၈ ခုနှစ် ဇွန်လ ၂၄ ရက်တွင် မော်တော်ယာဉ်မောင်းနှင်နေသည့် ဆော်ဒီအမျိုးသမီးတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ကျောင်းဆင်းပွဲတွင် အထူးချွန်ဆုံး ကျောင်းသူများစာရင်းကို ထုတ်ပြန်ခဲ့သလို ၎င်းတို့ ဆွတ်ခူးရရှိသည့် အထူးဆုများကိုလည်း ကျောင်းဆင်းအခမ်းအနား၌ ကြေညာခဲ့ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် အမျိုးသမီးများအတွက် ပါဝင်လုပ်ကိုင်ခွင့် ခွင့်ပြုပေးခြင်း ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ယခုနှစ် ဖေဖော်ဝါရီလတွင် အမျိုးသမီးများအား စစ်တပ်ထဲ ဝင်ရောက်စစ်မှုထမ်းခွင့် ပေးခဲ့ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် အမျိုးသမီးများ မော်တော်ယာဉ်မောင်းနှင်ခြင်းအား ဆယ်စုနှစ်များစွာ ပိတ်ပင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် စတင်ခွင့်ပြုပေးခဲ့သည်။ ယင်းသည် ဆော်ဒီလူမှုအဖွဲ့အစည်းအတွင်း အထူးသဖြင့် ၎င်းတို့အား အလုပ်အကိုင်အခွင့်အလမ်းများ ထောက်ပံ့ပေးခြင်းဖြင့် အမျိုးသမီးများအား တန်းတူရည်တူ ဖြစ်စေရန် ကနဦးခြေလှမ်းများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

Saudi Arabia’s 1st batch of female soldiers graduated: report

RIYADH, Sept. 2 (Xinhua) — A graduation ceremony for the first batch of Saudi female soldiers of the Armed Forces was held recently, the Arab News reported on Thursday.
The group took part in a 14-week training from May 30 at the military’ Women Cadre Training Center, it said.

The results of graduates, as well as the names of the most outstanding students and those who had been rewarded with prizes, were announced at the ceremony.
The kingdom opened military recruitment to women in February this year, as part of the efforts to empower Saudi females.

Saudi Arabia started allowing women to drive vehicles in 2018 after a decades-old ban. It was one of many initiatives to integrate women into the Saudi society, especially by providing them with job opportunities. Enditem
Photo 1 – Saudi Arabia’s 1st batch of female soldiers graduate.(pic credit: twitter.com/modgovksa)
Photo 2 – A Saudi Arabian woman is driving on the road in capital Riyadh on June 24, 2018. (Xinhua/Wang Bo)