Connect with us

Africa & Middle East

ဆော်ဒီအာရေးဗျနိုင်ငံက လာမည့် ဟာဂျ်ဘုရားဖူးရာသီတွင် ပြည်တွင်းဘုရားဖူးများကို အကန့်အသတ်ဖြင့် ခွင့်ပြုသွားမည်

ရီယာ့ဒ် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

လာမည့် ဟာဂျ် ဘုရားဖူး ရာသီတွင် ပြည်တွင်းဘုရားဖူးများကို အမြင့်ဆုံးအရေအတွက် ဦးရေ ၆၀,၀၀၀ သာ အကန့်အသတ်ဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဆော်ဒီအာရေးဗျနိုင်ငံက စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။တစ်ကမ္ဘာလုံးတွင် COVID-19 ကပ်ရောဂါ ကူးစက်နေခြင်းနှင့် ဗိုင်းရပ်စ်မျိုးဗီဇကွဲများ ပြန့်နှံ့နေခြင်းကြောင့် ယခုနှစ် ဟာဂျ်ဘုရားဖူး ရာသီတွင် ဝတ်ပြုဆုတောင်းကြရန် ဆန္ဒရှိကြသည့် ဆော်ဒီအာရေးဗျနိုင်ငံ၌ နေထိုင်သူများ နှင့် နိုင်ငံသားများကိုသာ လူဦးရေ အကန့်အသတ်ဖြင့် ဝင်ခွင့်အမည်စာရင်းသွင်းရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း (Hajj and Umrah) ဘုရားဖူး ဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့သည်။

ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာရှိ Kaaba ဗလီဝတ်ပြုကျောင်းတွင် ဝတ်ပြုနေသော ဘုရားဖူးများအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ်အတွက် ကာကွယ်ဆေးထိုးနှံပြီးသူများ နှင့် ပြန်လည်သက်သာကောင်းမွန်လာသော နိုင်ငံသားများနှင့် ဆော်ဒီအာရေးဗျနိုင်ငံအတွင်း နေထိုင်ကြသည့် အသက် ၁၈ နှစ် မှ ၆၅ နှစ်အရွယ် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသူများကိုသာ ဟာဂျ်ဘုရားဖူးရန် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ဟာဂျ်ဘုရားဖူးရာသီသည် ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံရပ်ခြားမှ ပြည်ပဘုရားဖူးများအား ဝင်ခွင့်မပြုသည့် ဒုတိယနှစ် ဘုရားဖူးရာသီဖြစ်လာကြောင်းလည်း သိရသည်။

ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာရှိ Kaaba ဗလီဝတ်ပြုကျောင်းတွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်က ဘုရားဖူးများ လှည့်လည်ဝတ်ပြုနေကြစဉ်(ဆင်ဟွာ)

ထိုသို့ ဆုံးဖြတ်ရခြင်းမှာ အခြားသော အစ္စလာမ်နိုင်ငံများမှ လာရောက်ကြမည့် ဘုရားဖူးများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ပြီးခဲ့သော နှစ်က ဆော်ဒီအာရေးဗျနိုင်ငံအတွင်း အခြေချနေထိုင်ကြသည့် နိုင်ငံပေါင်း ၁၆၀ မှ ဘုရားဖူးစုစုပေါင်း အယောက် ၁,၀၀၀ ကို ဆေးဘက်ဆိုင်ရာဝန်ထမ်းများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဟာဂျ်ဘုရားဖူးဝတ်ပြုဆုတောင်းခွင့် ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ၁၀ နှစ်တာကာလအတွင်း ဆော်ဒီအာရေးဗျဘုရင့်နိုင်ငံသည် ကမ္ဘာတစ်ဝန်းမှ ဟာဂျ်ဘုရားဖူး သန်း ၁၅၀ ကျော်ကို ကြိုဆိုခွင့်ပြုခဲ့ကြောင်း သိရသည်။(Xinhua)
——————————————
(English Version)

Saudi Arabia to limit upcoming Hajj season to domestic pilgrims

RIYADH, June 12 (Xinhua) — Saudi Arabia announced on Saturday at a press conference to limit the upcoming Hajj season to domestic pilgrims only of a maximum of 60,000 individuals.
The Ministry of Hajj and Umrah decided to limit the availability of registration for those wishing to perform the Hajj rituals this year to citizens and residents inside the country only, due to the global COVID-19 outbreaks and the new virus mutations.

This year, vaccinated and recovered citizens and residents of the age group 18-65 who do not have chronic diseases would be allowed to register to perform Hajj.
The upcoming Hajj will be the second season with no overseas pilgrims due to concerns of the pandemic.

The ministry stressed that the decision was taken for the safety and health of pilgrims, supported by the other Islamic states.
Last year, 1,000 pilgrims of 160 nationalities living in Saudi Arabia performed Hajj rituals, along with medics and security personnel.
In the last 10 years, the kingdom has welcomed more than 150 million pilgrims.

(1,3)Pilgrims circumambulate the sacred site Kaaba in the Grand Mosque in Mecca, Saudi Arabia on July 29, 2020. (Xinhua/Saudi Arabia’s Ministry of Media/Handout)
(2)Pilgrims pray in the Grand Mosque in Mecca, Saudi Arabia on July 29, 2020. (Xinhua/Saudi Arabia’s Ministry of Media/Handout)