Connect with us

Africa & Middle East

တန်ဇန်းနီးယားသမ္မတက ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပမည့် အိမ်ရှင်တရုတ်နိုင်ငံအတွက် ဆုမွန်ကောင်းတောင်းပေး

ဒါအိစ်ဆာလမ် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံသမ္မတ Samia Suluhu Hassanသည် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တရုတ်နိုင်ငံအတွက် ဆုမွန်ကောင်းတောင်းစကား ပြောကြားခဲ့ကြောင်း သိရသည်။“ ပေကျင်း ၂၀၂၂ အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်း ဆောင်းရာသီအားကစားပြိုင်ပွဲတွေအတွက် ကျွန်မတို့ သိပ်ကို စိတ်လှုပ်ရှားမိပါတယ်။ ဒီလို ကမ္ဘာနဲ့ချီတဲ့ ကြီးကျယ်လွန်းလှတဲ့ အခမ်းအနားကြီးကို အိမ်ရှင်အဖြစ် တရုတ်နိုင်ငံက အောင်မြင်စွာ ကျင်းပနိုင်စေဖို့ တရုတ်အစိုးရ နဲ့ ပြည်သူတွေအတွက် ကျွန်မတို့က ဆုမွန်ကောင်းတောင်းပေးပါတယ်” ဟု တန်ဇန်းနီးယားသမ္မတ Hassan က ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ Yanqing ခရိုင်တွင်တည်ဆောက်ထားသည့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် ရေခဲပြင် စကိတ်ကွင်းကြီးအား ရေခဲပြင်တီထွင်ဖန်တီးသူ တစ်ဦးက ရေဖျန်းနေသည်ကို ဇန်နဝါရီ ၂၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တန်ဇန်းနီးယားသမ္မတ Hassan သည် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ထောက်ခံအားပေးပြီး ကြီးမားသောအောင်မြင်မှုရရှိရန် ဆုတောင်းစကားကို ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် ဇန်နဝါရီ ၂၂ ရက်က ရေးသားဖော်ပြခဲ့သူ တန်ဇန်းနီးယား၏ ဇန်ဇီဘာသမ္မတ Ali Mwinyi နှင့်အတူ ဆုတောင်းစကားပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၂၂ ပေကျင်းဆောင်းရာသီးအိုလံပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ပါတယ်။ အိုလံပစ်ပြိုင်ပွဲဆိုတာ လူသားအားလုံးအတွက် ကျင်းပတဲ့ အားကစားပွဲတော်ကြီးတစ်ခုပါ ၊ ဒါကြောင့် အဲဒီအရာကို နိုင်ငံရေးမလုပ်သင့်ပါဘူး ၊ ပြီးတော့ နိုင်ငံရေးနဲ့ ခပ်ဝေးဝေးပဲ ဖြစ်သင့်ပါတယ် ” ဟု ဇန်ဇီဘာသမ္မတ Ali Mwinyi က ဆိုသည်။

“ အိုလံပစ်စိတ်ဓာတ်ကို လေးစားလိုက်နာပြီး နိုင်ငံရေးဖော်ဆောင်နေတာတွေကို ကျော်လွှားသွားမှသာ ကျွန်တော်တို့အနေနဲ့အဆုံးသတ်မှာ ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုအတွက် ရည်မှန်းချက်နဲ့ အိုလံပစ် ခံယူချက်နဲ့ဆောင်ပုဒ်ဖြစ်တဲ့ ပိုမိုလျင်မြန်ခြင်း ၊ ပိုမိုမြင့်မားခြင်း ၊ ပိုမိုသန်မာခြင်းကို ရောက်ရှိနိုင်မှာဖြစ်ပါတယ် ”ဟု ဆိုသည်။

တန်ဇန်းနီးယားနိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီက ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းစကားကို ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

“ ပေကျင်း ၂၀၀၈ နွေရာသီအိုလံပစ်ပြိုင်ပွဲလိုမျိုးပဲ ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကိုလည်း အောင်မြင်စွာကျင်းပနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု တန်ဇန်းနီးယားနိုင်ငံ အမျိုးသားအိုလံပစ်ကော်မတီဥက္ကဌ Gulam Rashid က ဆိုသည်။

ဆင်ဟွာသတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် Rashid က အရှေ့အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် တန်ဇန်းနီးယားနိုင်ငံအနေဖြင့် ခြေစစ်ပွဲ/လက်ရည်စစ်ပွဲများ အောင်မြင်ခဲ့ခြင်းမရှိသဖြင့် အိုလံပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့်မရရှိသော်လည်း ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ရန် အပြည့်အဝ ထောက်ခံအားပေးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

———————————————-
(English Version)

Tanzanian President Samia Suluhu Hassan extends best wishes to China in hosting the Beijing 2022 Winter Olympic Games

DAR ES SALAAM, Jan. 29 (Xinhua) — Tanzanian President Samia Suluhu Hassan has commended China for hosting the Beijing 2022 Winter Olympic Games.

“We follow with a lot of excitement the Beijing 2022 Olympics and Paralympics Winter Games. We wish the Government and the People of China best wishes in hosting this world greatest event,” President Hassan said late Friday on her official twitter account.

President Hassan joined Tanzania’s Zanzibar President Hussein Ali Mwinyi who on Jan. 22 voiced his support for the Beijing 2022 Winter Olympics via social media, wishing it a great success.

“I am looking forward to the successful convening of the 2022 Beijing Winter Olympic Games. The Olympic Games is a sport festival for all mankind, so it shouldn’t be politicized, and should stay away from politics,” he said. “It is only via respecting the Olympic spirit and transcending politics that we can finally realize the mission for global unity and the Olympic creed and motto: faster, higher, and stronger.”

On Jan. 25, the Tanzania National Olympic Committee wished China a successful Beijing 2022 Winter Olympic Games.

“We are looking forward to a successful Beijing 2022 Winter Olympics like the Beijing 2008 Summer Olympic Games,” said Gulam Rashid, the president of the Tanzania National Olympic Committee.

Rashid told Xinhua in an interview that Tanzania fully supported China in hosting the Winter Olympic Games although the east African nation will not participate because it does not have winter games.

Photo(1) Tanzanian President Samia Suluhu Hassan addresses the general debate of the 76th session of the United Nations General Assembly at the UN headquarters in New York, Sept. 23, 2021. (Xinhua/Wang Ying)

Photo(2) An ice maker sprays water over sub-glacial Olympic rings on the track at the Yanqing National Sliding Center ahead of the 2022 Winter Olympics in Yanqing District of Beijing, China, Jan. 28, 2022. (Xinhua/Jiang Wenyao)