Connect with us

China

တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် အုပ်စုအသစ် လက်ဘနွန်နိုင်ငံသို့ ထွက်ခွာ

တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၂၀၅ ဦး ပါဝင်သော အုပ်စုအသစ်တစ်သုတ်သည် တစ်နှစ်ကြာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတာဝန်အတွက် ဇူလိုင် ၂၈ ရက်တွင် လက်ဘနွန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် အုပ်စုသစ်သည် အရှေ့အလယ်ပိုင်းဒေသရှိ လက်ဘနွန်နိုင်ငံသို့ တရုတ်နိုင်ငံမှ စေလွှတ်သော ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၄၁၀ ဦး အနက် အသုတ် ၂၀ မြောက်၏ ပထမပိုင်း ဖြစ်သည်။ယင်းအဖွဲ့တွင် အင်ဂျင်နီယာတပ်သားများနှင့် ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် မိုင်းရှင်းလင်းရေး ၊ ပေါက်ကွဲစေနိုင်သောစစ်လက်နက်ပစ္စည်းများ ဖယ်ရှားခြင်း ၊ အရေးပေါ်အခြေအနေတွင် ကာကွယ်ရေး နှင့် ဒဏ်ရာအနာတရများအား ကုသမှု ပေးခြင်း တို့အပါအဝင် ဘာသာရပ် ၂၀ ကျော်အား အပြင်းအထန် လေ့ကျင့်ခဲ့ကြောင်း သိရသည်။

တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များသည် လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ တပ်စခန်းချထားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
New group of Chinese peacekeepers leaves for Lebanon
KUNMING, July 28 (Xinhua) — A new group of 205 Chinese peacekeepers headed for Lebanon on Wednesday for a yearlong peacekeeping mission.
They are the first part of China’s 20th batch of 410 peacekeepers to the Middle East country. The batch consists of engineering troops and medical personnel.
The team has trained intensively on over 20 subjects including mine sweeping, explosive ordnance disposal, defense under emergency, and trauma treatment.
The peacekeepers will be stationed in southern Lebanon. Enditem