Connect with us

CHINA

တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့က ဘော့ဆွာနာနိုင်ငံရှိ ဆေးရုံသို့ အကာအကွယ်ပစ္စည်းများ လှူဒါန်း

တရုတ်နိုင်ငံမှ လှူဒါန်းသော ထောက်ပံ့ပစ္စည်းများကို ဘော့ဆွာနာနိုင်ငံ ဂါဘရွန်နေမြို့၊ Sir Seretse Khama အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေဆိပ်ဝန်ထမ်းများက သယ်ယူနေမှုအား ၂၀၂၀ ပြည့်နှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖရန်စစ်စ်တောင်း၊ ဘော့ဆွာနာ ၊ ဇန်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဘော့ဆွာနာနိုင်ငံရှိ ၁၆ ဖွဲ့မြောက် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်းများအား Nyangabgwe Referral ဆေးရုံသို့ ဇန်နဝါရီ ၂၈ ရက်တွင် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်း၊ သီးသန့် ဝတ်စုံများ၊ တစ်ခါသုံးအကာအကွယ်ဝတ်စုံများနှင့် မျက်နှာကာများ ပါဝင်သည့် အဆိုပါပစ္စည်းများသည် ဆေးရုံတွင် တစ်ကိုယ်ရေ အကာအကွယ်ဝတ်စုံများ ပြတ်လပ်မှု လျှော့ပါးစေမည်ဖြစ်ကြောင်း သိရသည်။

“တစ်ကိုယ်ရေ အကာအကွယ်ပစ္စည်း ပြတ်လပ်မှုက COVID-19 ကို ထိန်းချုပ်တဲ့နေရာမှာ အတားအဆီးတစ်ခု ဖြစ်လာတယ်’’ ဟု ၁၆ ဖွဲ့မြောက် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့မှ ခေါင်းဆောင် Wu Zhaohui က လှူဒါန်းသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခု လှူဒါန်းထားသော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများသည် ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ်ပေးနိုင်ပြီး COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

စုစုပေါင်း အဖွဲ့ဝင် ၂၁ ဦးပါဝင်သော ၁၆ ဖွဲ့မြောက် တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် Nyangabgwe Referral Hospital တွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
Chinese medical team donates protective equipment to hospital in Botswana
FRANCISTOWN, Botswana, Jan. 29 (Xinhua) — The 16th Chinese medical team to Botswana on Friday donated a consignment of personal protective equipment to Nyangabgwe Referral Hospital, located in Botswana’s second largest city Francistown.
The items, including face masks, isolation clothes, disposable protective clothing and face shields, will go a long way in easing the shortage of personal protective clothing at the hospital.
“Shortage of personal protective equipment becomes a bar to the containment of COVID-19,” Wu Zhaohui, the leader of the 16th China Medical Team in Francistown, said at the donation ceremony.
He said the donated medical supplies can help protect medical staff and thus are instrumental in controlling the spread of the COVID-19 pandemic.
A total of 21 members of the 16th Chinese medical team are working at the Nyangabgwe Referral Hospital. Enditem
Photo-Airport staff unload supplies donated by China at Sir Seretse Khama International Airport in Gaborone, Botswana, May 29, 2020.(Photo by Tshekiso Tebalo/Xinhua)