Connect with us

Politics, Law & Military

တရုတ်တပ်မတော်က အမေရိကန် – ဗြိတိန် – ဩစတြေးလျ နျူကလီးယားရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုအား ပြတ်ပြတ်သားသားဆန့်ကျင်

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နျူကလီးယားရေငုပ်သင်္ဘောနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ နှင့် ဩစတြေးလျနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအား ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။အဆိုပါ သုံးနိုင်ငံအကြား နျူကလီးယားရေငုပ်သင်္ဘော နည်းပညာသဘောတူညီချက်အပေါ် သတင်းစာရှင်းလင်းပွဲတစ်ခု၌ မေးမြန်းချက်အား တုန့်ပြန်ပြောကြားရာတွင် တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wu Qian က ထိုသို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နျူကလီးယားရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း လက်နက်များ ပြိုင်ဆိုင်မှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ၊ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ပျက်စီးစေကြောင်း ၊ နျူကလီးယားမပြန့်ပွားရေး နိုင်ငံတကာကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေကြောင်း နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်မှု ဖြစ်စေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

—————————————–
(Chinese Version)
Chinese military firmly opposes U.S.-UK-Australia nuclear-submarine cooperation

BEIJING, Sept. 30 (Xinhua) — A Chinese defense ministry spokesperson on Thursday voiced firm opposition to the cooperation between the United States, the United Kingdom and Australia on nuclear submarines.

Wu Qian, spokesperson for the Ministry of National Defense, made the remarks at a press conference when responding to an inquiry on the nuclear-submarine technology deal between the three countries.
Whatever form it takes, the nuclear-submarine cooperation will gravely exacerbate the regional arms race, damage regional peace and stability, obstruct international efforts on nuclear non-proliferation and pose a threat to global peace and stability, Wu added. Enditem
Photo – China’s Ministry of National Defense spokesman Wu Qian [File photo: Xinhua]