Connect with us

China

တရုတ်နိုင်ငံက ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုအသစ် လွှတ်တင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Gaofen-3 02 အား Long March-4C သယ်ဆောင်ရေးဒုံးပျံဖြင့် နိုဝင်ဘာ ၂၃ ရက်ကလွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုအသစ်တစ်စင်းအား နိုဝင်ဘာ ၂၃ ရက်၌ လွှတ်တင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Gaofen-3 02 အား Long March-4C သယ်ဆောင်ရေးဒုံးပျံဖြင့် နိုဝင်ဘာ ၂၃ ရက်ကလွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Gaofen-3 02 အား Long March-4C သယ်ဆောင်ရေးဒုံးပျံဖြင့် နိုဝင်ဘာ ၂၃ ရက်ကလွှတ်တင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

Gaofen-3 02 အမည်ရှိသော ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၇:၄၅ နာရီက Long March-4C ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ကာ စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

အဆိုပါ ဂြိုဟ်တုသည် solar synchronous ဂြိုဟ်ပတ်လမ်းကြောင်းတွင် ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၅ ကီလိုမီတာတွင် လုပ်ငန်းလည်ပတ်မည်ဖြစ်ပြီး ကုန်း-ပင်လယ်ရေဒါဂြိုဟ်တုအစုအဖွဲ့တစ်ခုဖွဲ့စည်းရန် Gaofen-3 ဂြိုဟ်တု ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်းဖြင့် ကွန်ရက်ချိတ်ဆက်သွားမည်ဖြစ်သည်။ ယင်းဂြိုဟ်တုသည် ပင်လယ်ရေကြောင်းသင်္ဘော စောင့်ကြည့်လေ့လာခြင်းများ၏ စွမ်းဆောင်နိုင်မှုစောင့်ကြည့်ခြင်းအပြင် ပင်လယ်နှင့် ကုန်း-ပင်လယ် သဘာပတ်ဝန်းကျင် အရေးပေါ်အခြေအနေများစောင့်ကြည့်ခြင်းကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။

၎င်းဂြိုဟ်တုသည် ပင်လယ်ရေကြောင်း သဘာဝဘေးအန္တရယ် ကာကွယ်ရေးနှင့် လျော့ပါးရေး၊ ရွေ့လျားနိုင်သော ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေး၊ ရေကြောင်းထိန်းသိမ်းရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မိုးလေဝသ စသည့်နယ်ပယ်များ၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Gaofen-3 02 ဂြိုဟ်တုအား တရုတ်နိုင်ငံ အာကာသနည်းပညာအကယ်ဒမီမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး သယ်ဆောင်ရေးဒုံးပျံအား အာကာသယာဉ်ပျံသန်းရေးနည်းပညာဆိုင်ရာ ရှန်ဟိုင်းအကယ်ဒမီမှ ထုတ်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါ ဂြိုဟ်တုလွှတ်တင်ခြင်းသည် Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၃၉၈ ကြိမ်မြောက် လွှတ်တင်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………….
(English Version)
China launches new satellite for Earth observation
Source: Xinhua| 2021-11-23 09:04:43|Editor: huaxia
JIUQUAN, Nov. 23 (Xinhua) — China launched a new Earth-observation satellite from the Jiuquan Satellite Launch Center in northwest China on Tuesday.
The satellite, Gaofen-3 02, was launched by a Long March-4C rocket at 7:45 a.m. (Beijing Time) and has entered the planned orbit successfully.
The satellite will operate in a solar synchronous orbit at an altitude of 755 km and will be networked with the orbiting Gaofen-3 satellite to form a land-sea radar satellite constellation. It will improve the monitoring capabilities of marine ship observations, as well as the monitoring of emergencies at sea and the land-sea natural environment.
It will serve the fields of marine disaster prevention and mitigation, dynamic marine environment monitoring, environmental protection, water conservancy, agriculture and meteorology.
The Gaofen-3 02 satellite was developed by the China Academy of Space Technology, and the carrier rocket by the Shanghai Academy of Spaceflight Technology.
The launch marks the 398th mission for the Long March series carrier rockets. Enditem
Photo : 1, 2, 3 -A Long March-4C rocket carrying the satellite Gaofen-3 02 blasts off from the Jiuquan Satellite Launch Center in northwest China, Nov. 23, 2021. The new Earth-observation satellite was launched at 7:45 a.m. (Beijing Time) and has entered the planned orbit successfully. (Photo by Wang Jiangbo/Xinhua)