Connect with us

China

တရုတ်နိုင်ငံက ကျဲ့ကျန်းပြည်နယ်ကို ဘုံသာယာဝပြောမှုအတွက် သရုပ်ပြဇုန်အဖြစ် တည်ဆောက်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျိုးဆန်းမြို့ Shengsi ကောင်တီရှိ ယောက်သွားမွေးမြူရေးစခန်းအား မေ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်အား ဘုံသာယာဝပြောမှုရရှိစေရန်အတွက် သရုပ်ပြဇုန်အဖြစ် တည်ဆောက်ရန် လမ်းညွှန်ချက်ကို ဗဟိုအာဏာပိုင်များက ဇွန် ၁၀ ရက်၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့က ပူးတွဲထုတ်ပြန်သည့် လမ်းညွှန်ချက်တွင် ယင်းပြည်နယ်အား ဘုံသာယာဝပြောမှုမြင့်တင်ရေးအတွက် ဥပမာတစ်ခုအဖြစ်ထားရှိနိုင်ရန် ဆောင်ရွက်ချက်များစွာ လမ်းညွှန်ထားကြောင်း သိရသည်။

၂၀၂၅ ခုနှစ်မတိုင်မီ ကျဲ့ကျန်းပြည်နယ်သည် တစ်ဦးချင်းပျမ်းမျှ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) အား အသင့်အတင့် ဖွံ့ဖြိုးပြီးနိုင်ငံများအဆင့်သို့ ရောက်ရှိခြင်းနှင့်အတူ သရုပ်ပြဇုန် တည်ဆောက်ရေးတွင် ခိုင်မာသော တိုးတက်မှု ရရှိရမည်ဖြစ်ကြောင်း လမ်းညွှန်ချက်က ဆိုသည်။

ထို့ပြင် ကျဲ့ကျန်းပြည်နယ်သည် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုကြီးမားသော အောင်မြင်မှုများ ရရှိရန်လိုအပ်ကြောင်း၊ အခြေခံအားဖြင့် ၂၀၃၅ ခုနှစ်မတိုင်မီ ဘုံသာယာဝပြောမှု ရရှိရန်လိုအပ်ကြောင်း၊ ကျဲ့ကျန်းပြည်နယ်အနေဖြင့် တစ်ဦးချင်းပျမ်းမျှ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) နှင့် မြို့ပြနှင့် ကျေးလက်တွင် နေထိုင်သူများ၏ ဝင်ငွေအား ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် စံနှုန်းသို့ မြှင့်တင်နိုင်ရန် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း လမ်းညွှန်ချက်က ဖော်ပြထားသည်။

၂၀၃၅ ခုနှစ်မတိုင်မီ ဘုံသာယာဝပြောမှုအတွက် ကျဲ့ကျန်းပြည်နယ်၏ စနစ်များနှင့် လုပ်ထုံးလုပ်နည်းများမှာ ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သွားရမည်ဖြစ်ကြောင်း လမ်းညွှန်ချက်က ဆိုသည်။

ထို့ပြင် လမ်းညွှန်ချက်တွင် ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေး မြှင့်တင်ရေး၊ ဝင်ငွေခွဲဝေမှု ထပ်မံပြုပြင်ပြောင်းလဲရန်နှင့် မြို့ပြ-ကျေးလက် ကွာဟမှု ကျဉ်းမြောင်းစေရန် ကြိုးပမ်းအားထုတ်မှုများအား အလေးထားဖော်ပြထားပြီး ပိုမိုပျော်ရွှင်မှုရှိသော လူနေမှုပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်လာရေးအတွက် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
China to build Zhejiang into demonstration zone for common prosperity
Source: Xinhua| 2021-06-10 23:18:32|Editor: huaxia
BEIJING, June 10 (Xinhua) — China’s central authorities on Thursday issued a guideline on building the eastern province of Zhejiang into a demonstration zone for achieving common prosperity.
The guideline, jointly released by the Communist Party of China Central Committee and the State Council, rolled out multiple measures to guide the province in setting an example for promoting common prosperity.
By 2025, Zhejiang should achieve solid progress in building the demonstration zone, with its per capita gross domestic product (GDP) reaching the level of moderately developed economies, the guideline said.
The province should see greater achievements in high-quality development and basically achieve common prosperity by 2035, it said, adding that Zhejiang should strive to raise its per capita GDP and the income of urban and rural residents to the standard for developed countries.
By 2035, Zhejiang’s systems and mechanisms for common prosperity should also be more well-developed, according to the guideline.
The guideline stressed efforts to improve the quality of development, further reform income allocation and narrow the urban-rural gap, calling for a more livable residential environment. Enditem
Photo taken on May 30, 2021 shows a mussel breeding base in Shengsi County of Zhoushan City, east China’s Zhejiang Province. (Photo by Yao Feng/Xinhua)