Connect with us

Africa & Middle East

တရုတ်နိုင်ငံက တည်ဆောက်သော အီသီယိုးပီးယား-ဂျီဘူတီ ရထားလမ်းက ဒေသတွင်း ပြန်လည်ပေါင်းစည်းမှုကို မြှင့်တင်ပေး

အာဒစ်အာဘာဘာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက တည်ဆောက်ထားသော အာဒစ်အာဘာဘာ-ဂျီဘူတီ စံချိန်မီရထားလမ်းသည် ဒေသတွင်း ပေါင်းစည်းမှုနှင့် သာယာဝပြောမှုအား အဆင်ပြေချောမွေ့စေသည့်အတွက် ချီးကျူးထောပနာပြုခံရလျက် ရှိကြောင်း သိရသည်။ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့သော ရထားလမ်း အခြေခံအဆောက်အအုံ ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ခုအတွင်း တာဝန်ရှိသူများနှင့် သီးခြားလွတ်လပ်သောပညာရှင်များ အပါအဝင် ဟောပြောပွဲတက်ရောက်သူများက အာဖရိက၏ ပထမဆုံး လျှပ်စစ်ဓာတ်အားစနစ်သုံး ရထားလမ်းက ဒေသတွင်းပေါင်းစည်းမှုနှင့် ရထားလမ်းတစ်လျှောက်ရှိ လူမှုအသိုင်းအဝိုင်းများအား ပိုမိုကောင်းမွန်မွန်လာစေရန် မည်သို့ အထောက်အကူပြုခဲ့ပုံကို ဆွေးနွေးခဲ့ကြသည်။

အီသီယိုးပီးယားနိုင်ငံ အာဒစ်အာဘာဘာမြို့တွင် “အာဖရိကဦးချိုအတွက် အာဒစ်အာဘာဘာ-ဂျီဘူတီ မီးရထား၏အရေးပါမှု” ခေါင်းစဉ်ဖြင့် အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်လာသော တရုတ်နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံမှ ကိုယ်စားလှယ်များအား ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရစီမံကိန်းတစ်ခုအဖြစ် ၇၅၂ ကီလိုမီတာရှည်လျားသော နိုင်ငံဖြတ်ကျော်ရထားလမ်းသည် အာဖရိကအတွင်း အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်ခြင်း တိုးတက်မှုရှိစေခြင်းဖြင့် တိုက်ကြီးအတွင်း လွတ်လပ်သောကုန်သွယ်မှု မြှင့်တင်ရန် အာဖရိကနိုင်ငံများအတွက် စိတ်အားတက်ကြွဖွယ်ရာများအဖြစ် သရုပ်ဖော်ပြသလျက်ရှိကြောင်း အီသီယိုးပီးယားနိုင်ငံ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီး Dagmawit Moges က ပြောကြားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံ အာဒစ်အာဘာဘာမြို့ရှိ အာဒစ်အာဘာဘာ-ဂျီဘူတီ ရထားလမ်၏ အစိတ်အပိုင်းများအား ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“အီသီယိုးပီးယားရဲ့ သာယာဝပြောမှုကို ကျွန်မတို့ တည်ဆောက်ရာမှာ ကျွန်မတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုက အုတ်မြစ်တစ်ခုအဖြစ် ကမ္ပည်းရေးထိုးထားမှာဖြစ်ပါတယ်။ ပြီးတော့ ညီအစ်မနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကနေ ကျွန်မတို့ ရရှိထားတဲ့ အပြည့်အဝ ပံ့ပိုးမှုတွေက ခေတ်မီစံချိန်စံနှုန်းပြည့်မီတဲ့ ရထားလိုင်းတစ်ခုရရှိဖို့ ကျွန်မတို့ရဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ပေါ်လာစေပါလိမ့်မယ်” ဟု Moges က အဆင့်မြင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ရထားလမ်းအင်ဂျင်နီယားရင်းကော်ပိုရေးရှင်း (CREC) နှင့် တရုတ်နိုင်ငံ မြို့ပြအင်ဂျင်နီယားရင်း ကော်ပိုရေးရှင်း (CCECC) တို့က ပူးတွဲတည်ဆောက်ထားသည့် အီသီယိုးပီးယား-ဂျီဘူတီ မီးရထားလမ်းဟုလည်း လူသိများသော အာဒစ်အာဘာဘာ-ဂျီဘူတီ လျှပ်စစ်ရထားလမ်းသည် အာဖရိကတိုက်ရှိ ပထမဆုံး နယ်နိမိတ်ဖြတ်ကျော် မီးရထားလမ်းဖြစ်သည်။

အီသီယိုးပီးယားနိုင်ငံ အာဒစ်အာဘာဘာမြို့တွင် “အာဖရိကဦးချိုအတွက် အာဒစ်အာဘာဘာ-ဂျီဘူတီ မီးရထား၏အရေးပါမှု” ခေါင်းစဉ်ဖြင့် အဆင့်မြင့်ဆွေးနွေးပွဲသို့ တက်ရောက်လာသော တရုတ်နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံမှ ကိုယ်စားလှယ်များအား ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖရိကနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု သဘောထားဆန္ဒကို ပံ့ပိုးပေးရာတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကိုလည်း အီသီယိုးပီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Semereta Sewasew က အလေးထားပြောကြားခဲ့သည်။

အချို့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်များက အဓိကအားဖြင့် အခြေခံအဆောက်အအုံ စီမံကိန်းများတွင် တွန့်ဆုတ်နေကြသည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ၌ တရုတ်နိုင်ငံ၏ ပါဝင်ဆောင်ရွက်လိုမှု သဘောထားကို ဝန်ကြီးက အထူးသဖြင့် အသားပေးပြောကြားခဲ့သည်။

ထို့ပြင် အီသီယိုးပီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျောက်ကျစ်ယွမ်ကလည်း အာဒစ်အာဘာဘာ-ဂျီဘူတီ ရထားလမ်းသည် ကုန်းတွင်းပိတ် အီသီယိုးပီးယားနိုင်ငံအတွက် အသက်သွေးကြောတစ်ခု ဖြစ်ကြောင်း Moges ၏ မှတ်ချက်များအား ထောက်ခံလျက် ပြောကြားခဲ့သည်။

“ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်ရှိ တရုတ်-အီသီယိုးပီးယား ပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းတစ်ခုအဖြစ် အာဒစ်အာဘာဘာ-ဂျီဘူတီ မီးရထားလမ်းဟာ လွန်ခဲ့သော လေးနှစ်ကျော်က စတင်လည်ပတ်ချိန်ကတည်းက ကဏ္ဍပေါင်းစုံမှာ အရေးကြီးသော တိုးတက်မှုများ ဆောင်ရွက်လာခဲ့တယ်” ဟု တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ လျှပ်စစ်မီးရထားလမ်းသည် ကုန်စည်ပို့ဆောင်ရေးကြာမြင့်ချိန်ကို အချိန်သုံးရက်ကျော်မှ နာရီပေါင်း ၂၀ အောက်သို့ လျှော့ချခဲ့နိုင်ရာ ကုန်ကျစရိတ်ကို အနည်းဆုံး သုံးပုံတစ်ပုံအထိ လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။

ထိုရထားလမ်းသည် ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးတိုးတက်မှုနှင့် စက်မှုလုပ်ငန်းထူထောင်ရေးကို မောင်းနှင်နေသောနည်းလမ်းတစ်ခုဖြစ်ပြီး ဓာတ်မြေသြဇာ၊ ဂျုံ၊ စပါး၊ ဘိလပ်မြေ၊ သံမဏိနှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများစသည့် မရှိမဖြစ်ကုန်ပစ္စည်းများအတွက် သယ်ယူပို့ဆောင်ရေး၏ အသက်သွေးကြောတစ်ခုဖြစ်ကြောင်း ကျောက်က ပြောကြားခဲ့သည်။

အာဒစ်အာဘာဘာ-ဂျီဘူတီ ရထားလမ်းသည် အထင်ကရစီမံကိန်းတစ်ခုဖြစ်ပြီး အီသီယိုးပီးယား၊ ဂျီဘူတီနှင့် တရုတ် နိုင်ငံသုံးနိုင်ငံကို ပလက်ဖောင်းတစ်ခုပေါ်တွင် အတူတကွပေါင်းစည်းဆောင်ကြဉ်းပေးသော အမှန်တကယ် ပြိုင်ဘက်ကင်းအမျိုးအစားဖြစ်ကြောင်း Ethiopia-Djibouti Standard Gauge Railway Share Company (EDR) အထွေထွေမန်နေဂျာ Tilahun Sarka က ပြောကြားခဲ့သည်။

“အာဖရိကဦးချိုအတွက် အာဒစ်အာဘာဘာ-ဂျီဘူတီ မီးရထား၏အရေးပါမှု” ခေါင်းစဉ်ဖြင့် အဆင့်မြင့်ဆွေးနွေးပွဲကို EDR နှင့် CEC-CCECCC ဖက်စပ်လုပ်ငန်းနှင့် အီသီယိုးပီးယားနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးတို့မှ ပူးတွဲကျင်းပခဲ့ခြင်း ဖြစ်သည်။

CREC-CCECC ဖက်စပ်လုပ်ငန်းသည် လက်ရှိတွင် အီသီယိုးပီးယားနိုင်ငံနှင့် ဂျီဘူတီနိုင်ငံကြား ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိသော အာဒစ်အာဘာဘာ-ဂျီဘူတီ ရထားလမ်း၏ စီမံခန့်ခွဲမှု ကန်ထရိုက်တာဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ရထားလမ်း၏ လစဉ်သယ်ယူပို့ဆောင်ရေးဝင်ငွေသည် အောက်တိုဘာလနှင့်နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၉ သန်းနှင့် ၁၀ သန်း အသီးသီး ကျော်လွန်သွားခဲ့ရာ ၂၀၁၈ ခုနှစ်မှစ၍ အကောင်းဆုံးရလဒ်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် သယ်ယူပို့ဆောင်ရေးကဏ္ဍမှဝင်ငွေသည် ၂၀၂၀ ပြည့်နှစ်ကထက် ၃၇.၄ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း ဖက်စပ်လုပ်ငန်းမှ ကိန်းဂဏန်းများအရ သိရသည်။

အဆိုပါ ရထားလမ်းသည် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း အမြောက်အများဖန်တီးပေးခဲ့ကြောင်း၊ ဒေသခံ ၄,၀၀၀ ကျော် အလုပ်ခန့်အပ်ထားပြီး ဝန်ထမ်းစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

အဆင့်မြင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများသည် အာဖရိကတိုက်တစ်ခွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်မှုအရ BRI အောက်ရှိ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးထားပြောကြားခဲ့သည်။

BRI မူဘောင်အောက်တွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသော အာဖရိကနိုင်ငံများစာရင်းဝင်နိုင်ငံများ တိုးလာခြင်းအပေါ် နိုင်ငံများစွာသည် ရေနက်ဆိပ်ကမ်းအသစ်များ၊ ကီလိုမီတာထောင်ပေါင်းများစွာသော ရှည်လျားသော လမ်းများနှင့် မီးရထားလမ်းများက ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကြားမှ အာဖရိကတစ်ခွင် ထောက်ပံ့ပို့ဆောင်ရေးအသွင်ပြောင်းလာခဲ့သည်ကို တွေ့မြင်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
Chinese-built Ethiopia-Djibouti railway boosts regional integration
Source: Xinhua
Editor: huaxia
2022-02-22 23:06:01

ADDIS ABABA, Feb. 22 (Xinhua) — The Chinese-built Addis Ababa-Djibouti Standard Gauge Railway has won acclaim for facilitating regional integration and prosperity.
During a railway infrastructure-themed seminar on Monday here, participants, including officials and independent experts, discussed how Africa’s first fully electrified trans-boundary railway contributed to regional integration and the betterment of communities along the way.
The 752-km transnational railway, as a flagship project in the Belt and Road cooperation, demonstrated the aspirations of African countries to spur continental free trade by augmenting intra-Africa infrastructure connectivity, said Dagmawit Moges, Ethiopia’s minister of transport and logistics.
“While building our prosperous Ethiopia, we will engrave in a cornerstone of our friendship and the unreserved support we receive from our sister country China in turning our dream of having a modern standard gauge rail line into reality,” Moges told the high-level seminar.
The Addis Ababa-Djibouti electrified railway, also known as the Ethiopia-Djibouti railway, contracted by China Rail Engineering Corporation (CREC) and China Civil Engineering Construction Corporation (CCECC), is the first trans-boundary railway on the African continent.
Ethiopia’s State Minister of Finance Semereta Sewasew stressed China’s role in supporting African countries’ development aspiration on win-win modalities.
The state minister, in particular, emphasized China’s “willingness to engage in areas of cooperation that some development partners are reluctant, mainly in large infrastructure projects.”
Zhao Zhiyuan, Chinese ambassador to Ethiopia, also echoed Moges’ comments, stressing that the Addis Ababa-Djibouti rail line is a lifeline to landlocked Ethiopia.
“The Addis Ababa-Djibouti Railway, as a flagship project of China-Ethiopia cooperation under the Belt and Road Initiative (BRI), has made important strides in all aspects since starting operation more than four years ago,” the Chinese ambassador said.
The electrified railway has cut the transportation time for freight goods from more than three days to less than 20 hours and reduced the cost by at least one third.
Zhao said the railway has been a way of development, driving economic growth and industrialization, and serving as a lifeline of transportation for essential goods such as fertilizers, grain, cement, steel and anti-pandemic materials.
“The Addis Ababa-Djibouti railway is a flagship project, and it is really unique in its kind in Africa, which brought three countries together in one platform to work together — Ethiopia, Djibouti and China,” said Tilahun Sarka, general manager of Ethiopia-Djibouti Standard Gauge Railway Share Company (EDR).
The high-level seminar, themed “Significance of the Addis Ababa-Djibouti Railway for the Horn of Africa,” was co-hosted by the EDR and CREC-CCECC Joint Venture and the Chinese Embassy in Ethiopia.
The CREC-CCECC Joint Venture is a management contractor of the Addis Ababa-Djibouti Railway, which presently provides both passenger and freight services between Ethiopia and Djibouti.
According to figures from the joint venture, in 2021, the railway’s monthly transport revenue exceeded 9 million and 10 million U.S. dollars in October and November respectively, the best result since 2018. The transport revenue in 2021 is 37.4 percent higher than in 2020.
The railway has also created numerous job opportunities for locals, with more than 4,000 locals employed so far, which accounts for over 90 percent of the total staff.
Participants at the high-level seminar further emphasized the crucial importance of the China-Africa cooperation under the BRI in terms of boosting infrastructure development across the continent.
On the growing list of African countries cooperating with China under the BRI framework, many countries have realized new deep seaports, thousands of kilometers of roads and railways that have transformed logistics across Africa, among other development projects. ■

Photo 1 : Photo taken on Feb. 21, 2022 shows Furi-Lebu Railway Station of Addis Ababa-Djibouti Railway in Addis Ababa, Ethiopia. The Chinese-built Addis Ababa-Djibouti Standard Gauge Railway has won acclaim for facilitating regional integration and prosperity. (Xinhua)
Photo 2 : Representatives from China and Ethiopia pose for a group photo after attending a seminar themed “Significance of the Addis Ababa-Djibouti Railway for the Horn of Africa” in Addis Ababa, Ethiopia, on Feb. 21, 2022. The Chinese-built Addis Ababa-Djibouti Standard Gauge Railway has won acclaim for facilitating regional integration and prosperity. (Xinhua)
Photo 3 : Photo taken on Feb. 21, 2022 shows part of Addis Ababa-Djibouti Railway in Addis Ababa, Ethiopia. The Chinese-built Addis Ababa-Djibouti Standard Gauge Railway has won acclaim for facilitating regional integration and prosperity. (Xinhua)
Photo 4 : Dagmawit Moges, Ethiopia’s minister of transport and logistics, speaks during a seminar themed “Significance of the Addis Ababa-Djibouti Railway for the Horn of Africa” in Addis Ababa, Ethiopia, on Feb. 21, 2022. The Chinese-built Addis Ababa-Djibouti Standard Gauge Railway has won acclaim for facilitating regional integration and prosperity. (Xinhua)
Photo 5 : Representatives from China and Ethiopia participate in a ceremony during a seminar themed “Significance of the Addis Ababa-Djibouti Railway for the Horn of Africa” in Addis Ababa, Ethiopia, on Feb. 21, 2022. The Chinese-built Addis Ababa-Djibouti Standard Gauge Railway has won acclaim for facilitating regional integration and prosperity. (Xinhua)