Connect with us

Asia

တရုတ်နိုင်ငံက တိုင်ဖွန်းမုန်တိုင်းဒဏ်သင့်ဒေသများအတွက် အရေးပေါ်တုံ့ပြန်မှု ဆောင်ရွက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျိုးဆန်းမြို့ရှိ ဒေသခံများနေထိုင်သည့် ရပ်ကွက်တစ်ခု၌ ဇူလိုင် ၂၅ ရက်က လမ်းပေါ်တင်နေသော မိုးရေများကို စုပ်ထုတ်ရန် ပြင်ဆင်နေသည့် ကယ်ဆယ်ရေးသမားများအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

တိုင်ဖွန်းမုန်တိုင်း In-Fa ဒဏ်သင့် တရုတ်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းပြည်နယ်ဖြစ်သည့် ကျဲ့ကျန်းပြည်နယ်၌ ဘေးအန္တရာယ်ကယ်ဆယ်ရေးအတွက် အဆင့်လေး( IV) အရေးပေါ်တုံ့ပြန်မှုများကို တရုတ်နိုင်ငံ တာဝန်ရှိသူများက ဇူလိုင် ၂၅ ရက်တွင် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါတုံ့ပြန်မှုကို ကျိုးဆန်းမြို့ ၊ ရှောက်ရှင်းမြို့ နှင့် နင်းပေါမြို့အပါအဝင် ဘေးအန္တရာယ်ကျရောက်သည့် နေရာများအတွက် တရုတ်နိုင်ငံ ဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ အမျိုးသားကောင်မရှင် နှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန(MEM)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း MEM၏ ဝက်ဆိုဒ်စာမျက်နှာတွင် ဖော်ပြထားသည်။

ဘေးဒဏ်သင့်ဒေသများသို့ အစောပိုင်းက စေလွှတ်ခဲ့သည့် အလုပ်အဖွဲ့များကို ဘေးအန္တရာယ်ကျရောက်ဖြစ်ပွားသည့် နေရာများတွင် ဆုံးရှုံးမှုများ စစ်ဆေးရန် နှင့် ဒေသတွင်းဌာနဆိုင်ရာများအား လမ်းညွှန်မှု ပြုလုပ်ရန်အနေအထားမှ ဘေးအန္တရာယ်ကယ်ဆယ်ရေးတပ်ဖွဲ့များအဖြစ်သို့ ပြောင်းလဲသွားရမည် ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၌ အပြင်းအထန်ရေကြီးရေလျှံမှုများကြောင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန(MEM) နှင့် National Food and Strategic Reserves Administration တို့က ဇူလိုင် ၂၅ ရက်တွင် ဟဲနန်ပြည်နယ်သို့ ဘေးအန္တရာယ်ကယ်ဆယ်ရေး ထောက်ပံ့ရေးပစ္စည်း ထပ်မံ၍ ပေးပို့ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံတွင် ဘေးအန္တရာယ်ကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်မှုစနစ် အဆင့်လေးခုရှိပြီး အဆင့် ၁ သည် အပြင်းထန်ဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

China launches emergency response for Typhoon-hit areas

BEIJING, July 25 (Xinhua) — Chinese authorities on Sunday launched a level-IV emergency response for disaster relief as Typhoon In-Fa hit the eastern coastal province of Zhejiang.

The response was co-activated by China National Commission for Disaster Reduction and the Ministry of Emergency Management (MEM) for disaster-stricken areas including Zhoushan, Shaoxing and Ningbo, the MEM said on its website.

Work teams dispatched earlier to the affected regions shall turn into disaster-relief forces on spot to inspect losses and provide guidance to local departments, the ministry said.

Due to severe flooding in central China’s Henan Province, the MEM and the National Food and Strategic Reserves Administration on Sunday allocated more disaster-relief supplies to the province.China has a four-tier disaster relief emergency response system, with Level I being the most severe. Enditem

Photo – Rescuers prepare to pump rainwater out of a road at a residential area in Zhoushan, east China’s Zhejiang Province, July 25, 2021. China’s national observatory on Sunday continued its orange alert for Typhoon In-Fa, which made landfall in Zhejiang at around Sunday noon. (Photo by Chen Yongjian/Xinhua)