Connect with us

CHINA

တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းထံ COVID-19 ကာကွယ်ဆေး ၁.၈ ဘီလီယံကျော် ပံ့ပိုးကူညီခဲ့

ဇင်ဘာဘွေနိုင်ငံ ဟာရာရီမြို့ရှိ ရောဘတ်မူဂါဘီ နိုင်ငံတကာလေဆိပ်၌ တရုတ်နိုင်ငံမှ လှူဒါန်းထားသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ယခုချိန်အထိ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၂၀ ကျော်ထံသို့ COVID-19 ရောဂါကာကွယ်ဆေး ၁.၈ ဘီလီယံကျော် ပံ့ပိုးနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ကာကွယ်ဆေးများအား ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ထုတ်ကုန်များအဖြစ် ပြုလုပ်ရန် ကတိပြုထားသည့်အတိုင်း ဆောင်ရွက်လျက်ရှိသလို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေး ရရှိမှုနှင့် သင့်တင့်မျှတမှု တိုးမြှင့်ရန် ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်မကုန်မီအထိ ကာကွယ်ဆေး စုစုပေါင်း ၂ ဘီလီယံ ပံ့ပိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ကတိပြုထားကြောင်း၊ COVAX အစီအစဉ်ထံ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထပ်မံလှူဒါန်းရန်နှင့် ယခုနှစ်တွင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကာကွယ်ဆေး သန်း ၁၀၀ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုဝင်ဘာ ၁၂ ရက်အထိ COVAX အစီအစည်ဖြင့် ကာကွယ်ဆေး သန်း ၇၀ ကျော် ပေးပို့ခဲ့ပြီးဖြစ်ကြောင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ ၁၉ နိုင်ငံနှင့် ပူးတွဲကာကွယ်ဆေးထုတ်လုပ်မှု လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အာဆီယံ-တရုတ် ဆွေးနွေးဖက်နိုင်ငံ ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်သော အာဆီယံ-တရုတ် အထူးထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံသည် ဒေသတွင်း “ကျန်းမာရေး အကာအကွယ်” ပူးတွဲထူထောင်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အတူတကွလုပ်ဆောင်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆောင်ရွက်ချက်အရ တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထံ COVID-19 ကာကွယ်ဆေး သန်း ၁၅၀ ထပ်မံ လှူဒါန်းရန် အသင့်ရှိကြောင်း၊ အာဆီယံ COVID-19 ရောဂါတုံ့ပြန်ရေးရန်ပုံငွေထံ အမေရိကန်ဒေါ်လာ ၅ သန်း ထပ်တိုးကူညီလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးပူးတွဲထုတ်လုပ်မှုနှင့် နည်းပညာလွှဲပြောင်းမှုများ အရှိန်မြှင့်တင်သွားရန် အသင့်ရှိကြောင်း သိရသည်။ (Xinhua)

………………………………………….
(English Version)
China has provided over 1.8 bln COVID-19 vaccine doses to international community
Source: Xinhua| 2021-12-02 21:37:32|Editor: huaxia
BEIJING, Dec. 2 (Xinhua) — To date, China has provided over 1.8 billion doses of COVID-19 vaccines to more than 120 countries and international organizations.
China has delivered on its promise to make vaccines global public goods, and made continued efforts to improve vaccine accessibility and affordability in developing countries.
China has pledged to strive to provide a total of 2 billion vaccine doses to the world by the end of this year, and said that in addition to donating 100 million U.S. dollars to COVAX, it would donate 100 million vaccine doses to other developing countries in the course of this year.
As of Nov. 12, China has supplied more than 70 million vaccine doses to COVAX and is conducting joint vaccine production with 19 developing countries.
At the recent ASEAN-China Special Summit to Commemorate the 30th Anniversary of ASEAN-China Dialogue Relations, China said that it is ready to work with ASEAN member states to jointly build a “health shield” for the region.
Under this initiative, China is ready to donate an additional 150 million doses of COVID-19 vaccines to ASEAN member states, contribute an additional 5 million U.S. dollars to the COVID-19 ASEAN Response Fund, and step up joint vaccine production and technology transfers. Enditem
Photo : Medical supplies donated by China are unloaded from a plane at Robert Mugabe International Airport in Harare, Zimbabwe, on May 11, 2020. (Xinhua/Zhang Yuliang)