Connect with us

ASEAN

တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံသို့ COVID-19 ကာကွယ်ဆေးများ ထပ်မံလှူဒါန်း

ဖိလစ်ပိုင်နိုင်ငံ Pasay မြို့၌ အောက်တိုဘာ ၂၄ ရက်တွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Huang Xilian ၊ COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဖိလစ်ပိုင်အစိုးရ အစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ အကြီးအကဲ Carlito Galvez တို့အား ကာကွယ်ဆေးထည့်ထားသည့် ကုန်သေတ္တာများနှင့်အတူ တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားမှုအား ပံ့ပိုးရန် အောက်တိုဘာ ၂၄ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ Sinovac CoronaVac ကာကွယ်ဆေး နောက်ထပ်အသုတ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ Pasay မြို့၌ အောက်တိုဘာ ၂၄ ရက်တွင် အလုပ်သမားများက Sinovac ကာကွယ်ဆေးများ ထည့်ထားသည့် ကုန်သေတ္တာအား သယ်ယူနေစဉ်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Pasay မြို့၌ အောက်တိုဘာ ၂၄ ရက်တွင် အလုပ်သမားများက Sinovac ကာကွယ်ဆေးများ ထည့်ထားသည့် ကုန်သေတ္တာအား သယ်ယူနေစဉ်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Pasay မြို့၌ အောက်တိုဘာ ၂၄ ရက်တွင် Sinovac ကာကွယ်ဆေးများ ထည့်ထားသည့် ကုန်သေတ္တာများအား တွေ့ရစဉ်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Pasay မြို့၌ အောက်တိုဘာ ၂၄ ရက်တွင် Sinovac ကာကွယ်ဆေးများ ထည့်ထားသည့် ကုန်သေတ္တာများအား တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါလှူဒါန်းမှုသည် ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံထံမှ ဝယ်ယူခဲ့သည့် အမျိုးအစားတူကာကွယ်ဆေးများနှင့်အတူ မနီလာမြို့သို့ တစ်ပါတည်းရောက်ရှိခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် Huang Xilian က အသစ်ကာကွယ်ဆေးများ ပေးပို့မှုသည် ဖိလစ်ပိုင်နိုင်ငံသို့ တရုတ်နိုင်ငံအစိုးရ နှင့် ပြည်သူများမှ ချစ်ကြည်ရင်းနှီးမှုကို ပြသခြင်း ဖြစ်ကြောင်း လေဆိပ်၌ သတင်းထောက်များအား အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသံအမတ် Huang က တရုတ်နိုင်ငံမှ ကာကွယ်ဆေးများသည် ဖိလစ်ပိုင်နိုင်ငံ၌ ရောဂါဖြစ်ပွားမှုများ လျှော့ချရာတွင် ပိုမိုအထောက်အကူပြုလိမ့်မည် ဖြစ်ကြောင်း နှင့် ဖိလစ်ပိုင်နိုင်ငံ ပြည်လည်နလံထူနိုင်ရေးအတွက် အရှိန်မြှင့်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“ဖိလစ်ပိုင်နိုင်ငံ အစိုးရနဲ့ပြည်သူတွေရဲ့ ကျွမ်းကျင်တဲ့ လုပ်ဆောင်မှုတွေနဲ့ အလွန်ကြိုးစားမှုကြောင့် အတည်ပြုလူနာအရေအတွက် ကျဆင်းနေတာကို တွေ့ရတာ ဝမ်းသာပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ကပ်ရောဂါရင်ဆိုင်နေရခြင်း ၊ ကာကွယ်ဆေးထိုးနှံမှုအရှိန်မြှင့်တင်ဆောင်ရွက်ခြင်းနှင့်အတူ တရုတ်နိုင်ငံမှ အလွန်အရေးပါသော ကာကွယ်ဆေးများကို အဆက်မပြတ်ရက်ရောသော စေတနာဖြင့် ပံ့ပိုးမှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ဖိလစ်ပိုင်နိုင်ငံကို အသက်ကယ်တင်ပေးတဲ့ ကာကွယ်ဆေးတွေ လှူဒါန်းတဲ့အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ချင်ပါတယ်။”ဟု COVID-19 ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဖိလစ်ပိုင်အစိုးရ အစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်ရေးအဖွဲ့ အကြီးအကဲ Carlito Galvez က ပြောကြားခဲ့သည်။

Carlito Galvez က တရုတ်နိုင်ငံသည် ကာကွယ်ဆေးများအား ဖိလစ်ပိုင်နိုင်ငံသို့ ဖေဖော်ဝါရီလတွင် ပထမဆုံး ပို့ဆောင်လှူဒါန်းသည့် နိုင်ငံဖြစ်ကြောင်း ၊ အောက်တိုဘာ ၂၄ ရက်တွင် တင်ပို့မှုသည် ဖိလစ်ပိုင်နိုင်ငံ လက်ခံရရှိခဲ့သည့် အကြိမ် ၁၀၀ မြောက် ဖြစ်သလို တိုက်ဆိုင်စွာပင် တရုတ်နိုင်ငံ၏ လှူဒါန်းမှုတစ်ခုလည်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ပထမဆုံးပေးပို့ပြီးချိန်မှစ၍ COVID-19 ကာကွယ်ဆေး ထောက်ပံ့မှုအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသည် မတ်လ ၁ ရက်တွင် ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်မှုကို စတင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၅၅ သန်းကျော်အား ထိုးနှံထားပြီး ဖြစ်သည်။ဖိလစ်ပိုင်နိုင်ငံသား ၂၅ သန်းကျော်သည် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသည်။ အစိုးရသည် ယခုနှစ်အတွင်း လူဦးရေ သန်း ၇၀ အထိ ကာကွယ်ဆေး ထိုးနှံရန် ရည်မှန်းထားကြောင်း သိရသည်။

ယနေ့အထိ ဖိလစ်ပိုင်နိုင်ငံသည် အမျိုးမျိုးသောကာကွယ်ဆေးထုတ်လုပ်သူများမှ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၉၇ ဒသမ ၆၇ သန်းကျော် လက်ခံရရှိခဲ့သည်။တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံး ကာကွယ်ဆေးထောက်ပံ့သူအဖြစ် ဆက်လက်ရပ်တည်နေကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ယခုအခါ သေဆုံးသူ ၄၁,၇၉၃ ဦး အပါအဝင် COVID-19 အတည်ပြုလူနာ ၂ ဒသမ ၇၅ သန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
China donates more COVID-19 vaccines to Philippines
MANILA, Oct. 24 (Xinhua) — China donated another batch of Sinovac CoronaVac vaccines to the Philippines on Sunday to support the country’s COVID-19 vaccination campaign.
The donation arrived in Manila along with the vaccines of the same brand that the Philippines purchased from China.
In a brief statement to reporters at the airport, Chinese ambassador to the Philippines Huang Xilian said the fresh vaccine delivery “demonstrates the kind of friendship from the Chinese government and people” to the Philippines.
Huang expressed hope that the vaccines from China would further contribute to bringing down the cases in the Philippines and speeding up the country’s recovery.
“We are happy to see that the number of confirmed cases in this country is decreasing due to very hard and professional workings of the Philippine government and the people,” Huang said.
The Philippine officials thanked China for its “continuing generosity and very important support” as the country ramps up its vaccination and grapples with the pandemic.
“We would like to thank China for the donation of lifesaving vaccines to the Philippines,” said Carlito Galvez, the chief implementer of Philippine government’s measures to combat COVID-19.
Galvez recalled that China was the first country to donate and deliver the vaccines to the Philippines in February, noting that Sunday’s shipment is the 100th the country has ever received and coincidentally it is also the Chinese donation.
China has sustained the COVID-19 vaccine supply to the Philippines since the first delivery on Feb. 28, allowing the Southeast Asian country to kick off its vaccination drive on March 1.
The Philippines has administered over 55 million doses of COVID-19 vaccines. More than 25 million Filipinos have been fully vaccinated. The government aims to vaccinate up to 70 million people this year.
To date, the Philippines has received more than 97.67 million doses of COVID-19 vaccines from different vaccine makers. China remains the country’s biggest vaccine supplier.
The Philippines now has more than 2.75 million confirmed COVID-19 cases, including 41,793 deaths. Enditem
Photo 1 – China’s Ambassador to the Philippines Huang Xilian (3rd L) and Carlito Galvez (3rd R), the chief implementer of Philippine government’s measures to combat COVID-19, are seen with officials from the Philippine government in front of cargos containing Sinovac vaccines in Pasay City, the Philippines, Oct. 24, 2021. China donated another batch of Sinovac CoronaVac vaccines to the Philippines on Sunday to support the country’s COVID-19 vaccination campaign. The donation arrived in Manila along with the vaccines of the same brand that the Philippines purchased from China. (Rouelle Umali/Xinhua)
Photo 2 – A staff member transports a cargo containing Sinovac vaccines in Pasay City, the Philippines, on Oct. 24, 2021. China donated another batch of Sinovac CoronaVac vaccines to the Philippines on Sunday to support the country’s COVID-19 vaccination campaign. The donation arrived in Manila along with the vaccines of the same brand that the Philippines purchased from China. (Rouelle Umali/Xinhua)
Photo 3 – Staff members transport cargos containing Sinovac vaccines in Pasay City, the Philippines on Oct. 24, 2021. China donated another batch of Sinovac CoronaVac vaccines to the Philippines on Sunday to support the country’s COVID-19 vaccination campaign. The donation arrived in Manila along with the vaccines of the same brand that the Philippines purchased from China. (Rouelle Umali/Xinhua)
Photo 4 – Cargos containing Sinovac vaccines are seen in Pasay City, the Philippines on Oct. 24, 2021. China donated another batch of Sinovac CoronaVac vaccines to the Philippines on Sunday to support the country’s COVID-19 vaccination campaign. The donation arrived in Manila along with the vaccines of the same brand that the Philippines purchased from China. (Rouelle Umali/Xinhua)
Photo 5 – Cargos containing Sinovac vaccines are seen in Pasay City, the Philippines on Oct. 24, 2021. China donated another batch of Sinovac CoronaVac vaccines to the Philippines on Sunday to support the country’s COVID-19 vaccination campaign. The donation arrived in Manila along with the vaccines of the same brand that the Philippines purchased from China. (Rouelle Umali/Xinhua)