Connect with us

Science & Technology

တရုတ်နိုင်ငံက မိုးလေဝသဂြိုဟ်တုသစ် လွှတ်တင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇွန် ၅ ရက်တွင် Fengyun-3E (FY-3E) ဂြိုဟ်တုအား သယ်ဆောင်ထားသည့် Long March-4C ဒုံးပျံအား လွှတ်တင်နေစဉ်(ဆင်ဟွာ)

ကျိုချွမ် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက မိုးလေဝသဂြိုဟ်တုသစ် တစ်စင်းအား နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇွန် ၅ ရက် နံနက်ပိုင်းတွင် စီစဉ်ထားသည့်အတိုင်း ဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။Fengyun-3E (FY-3E) ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် ဇူလိုင် ၅ ရက် ၂၈ မိနစ်တွင် Long March-4C ဒုံးပျံဖြင့် လွှတ်တင်ခဲ့ပြီး Long March ဒုံးပျံစီးရီး၏ ၃၇၇ ကြိမ်မြောက် ပျံသန်းမှု ဖြစ်ကြောင်း တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

အဝေးထိန်းအာရုံခံကိရိယာ ၁၁ ခု တပ်ဆင်ထားသည့် FY-3E ဂြိုဟ်တုသည် အရပ်ဘက်ဝန်ဆောင်မှုများအတွက် နံနက်ခင်း အစောပိုင်းတွင် ဂြိုဟ်ပတ်လမ်းအတွင်း ဝင်ရောက် လည်ပတ်မည့် ကမ္ဘာ့ပထမဆုံး မိုးလေဝသဂြိုဟ်တု ဖြစ်ကြောင်း သိရသည်။

သက်တမ်း ၈ နှစ် ခံနိုင်ရည်ရှိရန် ဒီဇိုင်းရေးဆွဲထားပြီး အဓိကအားဖြင့် လေထုအပူချိန် ၊ စိုထိုင်းဆ နှင့် ကိန်းဂဏန်းခန့်မှန်းချက် application များအတွက် အခြားမိုးလေဝသဆိုင်ရာသတ်မှတ်ချက်များ ရရှိမည် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ ရာသီဥတုခန့်မှန်းနိုင်စွမ်းကို တိုးတက်စေမည် ဖြစ်ကြောင်း သိရသည်။

ယင်းဂြိုဟ်တုသည် ရာသီဥတုပြောင်းလဲမှုအား တုန့်ပြန်မှု ပိုကောင်းရန် နှင့် မိုးလေဝသသဘာဝဘေးအန္တရာယ် ကာကွယ်တားဆီး လျှော့ချရန် ကမ္ဘာလုံးဆိုင်ရာ နှင်း နှင့် ရေခဲ ဖုံးလွှမ်းမှု ၊ ပင်လယ်ရေမျက်နှာပြင်အပူချိန် ၊ သဘာဝဘေးအန္တရာယ် နှင့် ဂေဟဗေဒကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ဂြိုဟ်တုသည် နေရောင်ခြည် ၊ အာကာသပတ်ဝန်းကျင်များ နှင့် ယင်းတို့၏ သက်ရောက်မှုများကို စောင့်ကြည့်သွားမည်သာမက အာကာသမိုးလေဝသခန့်မှန်းချက်များ နှင့် အထောက်အကူပြုဝန်ဆောင်မှုများ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ionospheric အချက်အလက်များကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

ဂြိုဟ်တု နှင့် ဒုံးပျံအား ရှန်ဟိုင်းအာကာသယာဉ်နည်းပညာအကယ်ဒမီက တီထွင်ခဲ့ကြောင်း ၊ ယင်းအကယ်ဒမီသည် တရုတ်နိုင်ငံလေကြောင်းသိပ္ပံ နှင့်နည်းပညာကော်ပိုရေးရှင်း၏ လက်အောက်တွင် လုပ်ဆောင်ကြောင်း သိရသည်။ (Xinhua)

—————————–i———————-
( English Version)

China launches new meteorological satellite

JIUQUAN, July 5 (Xinhua) — China sent a new meteorological satellite into planned orbit from the Jiuquan Satellite Launch Center in northwest China on Monday morning.

The satellite, Fengyun-3E (FY-3E), was launched by a Long March-4C rocket at 7:28 a.m. (Beijing Time), and this was the 377th flight mission of the Long March rocket series, according to the China National Space Administration.

Equipped with 11 remote sensing payloads, FY-3E will be the world’s first meteorological satellite in early morning orbit for civil service.

It is designed with a lifespan of eight years and will mainly obtain the atmospheric temperature, humidity, and other meteorological parameters for numerical prediction applications, improving China’s weather forecast capacity.

It will also monitor the global snow and ice coverage, sea surface temperature, natural disasters, and ecology to better respond to climate change and prevent and mitigate meteorological disasters.

In addition, the satellite will monitor solar and space environments and their effects, as well as ionospheric data to meet the needs of space weather forecasts and supporting services.

The satellite and rocket were developed by the Shanghai Academy of Spaceflight Technology. It operates under the China Aerospace Science and Technology Corporation. ■

Photo – A Long March-4C rocket carrying satellite Fengyun-3E blasts off from the Jiuquan Satellite Launch Center in northwest China on July 5, 2021. (Xinhua/Wang Jiangbo)Global