Connect with us

Economy

တရုတ်နိုင်ငံက မီတာ ၅၀၀ အထက် မိုးမျှော်တိုက်အသစ်များ တည်ဆောက်ခြင်းကို တားမြစ်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းတာဝါ (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက မြင့်မားသော အဆောက်အအုံများအား တင်းတင်းကြပ်ကြပ် စိစစ်ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်မှုများလုပ်ဆောင်နေစဉ်အတွင်း မီတာ ၅၀၀ အထက် မိုးမျှော်တိုက်အသစ်များ တည်ဆောင်ခြင်းကို တားမြစ်သည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။မီတာ ၂၅၀ အထက် အဆောက်အအုံများအား တင်းကြပ်စွာ ကန့်သတ်ထားကြောင်း၊ အကယ်၍ ဆောက်လုပ်ရန် လိုအပ်ပါက ဆောက်လုပ်ရေးစီမံကိန်းများအား မီးဘေးလုံခြုံမှု အပါအဝင် ကဏ္ဍများစွာအပေါ် သုံးသပ်သွားမည်ဖြစ်ကြောင်းနှင့် အိမ်ရာနှင့် မြို့ပြ-ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင်က ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

မီတာ ၁၀၀ အထက် အဆောက်အဦများအတွက်မူ ဆောက်လုပ်ရေး စီမံကိန်းများမှာ မြေငလျင်ဒဏ်ခံနိုင်ရည်ရှိမှုအတွက် တင်းကြပ်သော စိစစ်မှုအား ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း၊ အထပ်မြင့် အဆောက်အဦများသည် မြို့၏ အရွယ်အစားနှင့် မီးဘေးလုံခြုံရေးဆောင်ရွက်နိုင်မှုနှင့် ချိတ်ဆက်ထားသင့်ကြောင်း ကြေညာချက်က ဆိုသည်။

ဒေသဆိုင်ရာ အစိုးရများအနေဖြင့် ဘေးကင်းစိတ်ချရမှုနှင့် အရည်အသွေးအရ ဆောက်လုပ်ရေး စီမံကိန်းများ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်လည်း လစ်ဟာမှုများ ရှိနေဆဲဖြစ်သဖြင့် ဘေးကင်းလုံခြုံမှု အန္တရာယ်များဆီ ဦးတည်သွားစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် ဆောက်လုပ်ရေး စီမံကိန်းများ စီမံခန့်ခွဲမှု အားကောင်းရေး၊ အရည်အသွေးသည်သာ ပထမဟူသော စည်းမျဉ်းအား လိုက်နာရေးနှင့် ပြည်သူများ၏ အသက်နှင့် ပိုင်ဆိုင်မှု ဘေးကင်းရေး စိတ်ချသေချာစေရေးတို့ကိုလည်း ထုတ်ပြန်ချက်၌ အလေးထားဖော်ပြထားကြောင်း သိရသည်။ (Xinhua)

#China, #Construction, #Skyscraper, #Ban, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #ဆောက်လုပ်ခြင်း, #မိုးမျှော်တိုက်, #တားမြစ်, #ဆင်ဟွာ
…………………………………………
(English Version)

China bans new construction of skyscrapers above 500 meters

BEIJING, July 8 (Xinhua) — China has issued a circular banning the new construction of skyscrapers above 500 meters amid efforts to tighten scrutiny over high-rises.

Buildings above 250 meters are strictly restricted, and if they do need to be built, the construction plans should be reviewed over a slew of aspects including fire safety and filed with the Ministry of Housing and Urban-Rural Development, said the circular issued by the National Development and Reform Commission.

For buildings above 100 meters, the construction plans will face strict scrutiny over their seismic performance. The high-rises should match with the city’s size and fire fighting capacity, it said.

Local governments have been improving the management of construction projects in terms of safety and quality, however, there are still loopholes that may lead to safety risks, the circular said.

The circular stressed strengthening the management of construction projects, adhering to the principle of quality first, and ensuring the safety of people’s lives and property, it said. Enditem
Photo taken on March 11, 2020, shows Shanghai Tower (R) in east China’s Shanghai. (Xinhua/Xu Xiaoqing)