Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ယူကရိန်း-ရုရှား ဆွေးနွေးညှိနှိုင်းမှုများအား ကြိုဆိုပြီး ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်ဟု ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ရှင်းလင်းပြောကြားနေသည်ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ရစဉ်(Photo from the Foreign Ministry website)

ပေကျင်း ၊ မတ် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေသည့် သံတမန်ရေးရာကြိုးပမ်းမှုများအားလုံးကို အမြဲတမ်း ထောက်ခံအားပေးကြောင်း နှင့် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ခြင်းအား ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်သော နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဘီလာရုဇ်နိုင်ငံ Gomel ဒေသ၌ ပြုလုပ်ခဲ့သည့် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုများအား တုံ့ပြန်ဖြေကြားရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

“မကြာမီကာလအတွင်း ဆွေးနွေးညှိနှိုင်းမှု အဆင့်အသစ်တစ်ခု ပြုလုပ်ဖို့ နှစ်ဘက်က သဘောတူခဲ့ကြတယ်ဆိုတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဥရောပ၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု အထောက်အကူဖြစ်စေရေး နှင့် ဥရောပ၏ ဘုံလုံခြုံရေးအာမခံချက်အား ဖြည့်ဆည်းရေး ၊ နှစ်ဘက်၏ လက်တွေ့ကျသည့် လုံခြုံရေးစိုးရိမ်ပူပန်မှုများအား ထည့်သွင်းစဉ်းစားသည့် နိုင်ငံရေးအရ အဖြေရှာရေး နှင့် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်များအား နှစ်ဘက်လုံးက ဆက်လက်ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

——————————-
China welcomes Ukraine-Russia negotiations, hopes for continuation: spokesperson
BEIJING, March 1 (Xinhua) — China has always supported and encouraged all diplomatic efforts that are conducive to the peaceful settlement of the Ukraine crisis, and welcomes the launch of peace talks between Russia and Ukraine, a foreign ministry spokesperson said Tuesday.

Spokesperson Wang Wenbin made the remarks at a daily press briefing in response to the negotiations between delegations from Russia and Ukraine held in the Gomel region of Belarus on Monday.

“We have noted that the two sides have agreed to hold a new round of negotiations in the near future,” Wang said.
China hopes that the two sides will continue the process of dialogue and negotiation and seek a political solution that accommodates reasonable security concerns of both sides, serves common security of Europe and is conducive to lasting peace and stability in Europe, Wang added. Enditem

Photo – Wang Wenbin speaks at a regular press conference of China’s Foreign Ministry on Dec. 15, 2020. (Photo from the Foreign Ministry website)