Connect with us

China

တရုတ်နိုင်ငံက လမျက်နှာပြင်မှ နမူနာပစ္စည်း အချက်အလက် ဒုတိယအသုတ်အား အွန်လိုင်းတွင် ထုတ်ပြန်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမျိုးသားပြတိုက်တွင် ခင်းကျင်းပြသထားသော Chang'e-5 အာကာသယာဉ်မှ ပြန်လည်ယူဆောင်လာသည့် လမျက်နှာပြင် နမူနာပစ္စည်းများ အမှတ် - ၀၀၁ အား ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အာကာသအေဂျင်စီက Chang’e-5 အာကာသယာဉ်မှ ပြန်လည်ယူဆောင်လာသော လမျက်နှာပြင် နမူနာပစ္စည်းများ၏ ဒုတိယအသုတ် အွန်လိုင်းဒေတာဘေ့စ်အား ထုတ်ပြန်လိုက်ကြောင်း သိရသည်။

သုတေသီများနှင့် အများပြည်သူများအနေဖြင့် အချက်အလက်နှင့် နမူနာများအား လျှောက်ထားနိုင်သော www.clep.org.cn ဝက်ဘ်ဆိုက်မှတစ်ဆင့် လကမ္ဘာနှင့် နက်ရှိုင်းသော အာကာသ စူးစမ်းလေ့လာမှု သိပ္ပံပညာရပ်ဆိုင်ရာ အချက်အလက်နှင့် နမူနာပစ္စည်း ထုတ်ပြန်ရေးစနစ်ကို ဝင်ရောက်နိုင်ကြောင်း သိရသည်။

လမျက်နှာပြင်မှ အလေးချိန် ၁၇ ဂရမ်ခန့်ရှိသော နမူနာပစ္စည်း ပထမအသုတ်အား ဇူလိုင် ၁၂ ရက်က အဖွဲ့အစည်း ၁၃ ခုသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်က ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာသော Chang’e-5 အာကာသယာဉ်သည် အဓိကအားဖြင့် လမျက်နှာပြင်မှ ကျောက်တုံးများနှင့် အပေါ်ယံမြေဆီလွှာတို့ ပါဝင်သော နမူနာပစ္စည်း ၁,၇၃၁ ဂရမ် ပြန်လည်ယူဆောင်လာခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
China publishes second batch of lunar sample data online
Source: Xinhua| 2021-07-30 15:59:40|Editor: huaxia
BEIJING, July 30 (Xinhua) — China’s space agency has released the online database of the second batch of the lunar samples brought back by the Chang’e-5 probe.
Researchers and the public can access the Lunar and Deep Space Exploration Scientific Data and Sample Release System via the website www.clep.org.cn, where they can apply for data and samples, according to the China National Space Administration.
The first batch of the lunar samples, about 17 grams, was delivered to 13 institutions on July 12.
The Chang’e-5 probe, which returned to Earth on Dec. 17, 2020, retrieved a total of 1,731 grams of lunar samples, mainly rocks and soil from the lunar surface. Enditem
Photo : The lunar samples No. 001 brought back by China’s Chang’e-5 probe is displayed at the National Museum of China in Beijing, capital of China, Feb. 27, 2021. An exhibition displaying the lunar samples No. 001 brought back by China’s Chang’e-5 probe is held here on Saturday. (Xinhua/Jin Liangkuai)