Connect with us

Politics, Law & Military

တရုတ်နိုင်ငံက လမျက်နှာပြင် နမူနာအသစ် ၁၅ ခု၏ အချက်အလက်များကို အွန်လိုင်းတွင် ထုတ်ပြန်

ပေကျင်း ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် Chang’e-5 မစ်ရှင်က ပြန်လည်ယူဆောင်လာသည့် တတိယအသုတ် လနမူနာများ၏ အချက်အလက်များကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။အများပြည်သူအနေဖြင့် နမူနာအသစ် ၁၅ ခု၏ ဆက်စပ်အချက်အလက်များအား လေ့လာကြည့်ရှုရန် တရုတ်နိုင်ငံ လကမ္ဘာနှင့် နက်ရှိုင်းသော အာကာသ စူးစမ်းလေ့လာမှု ဝက်ဘ်ဆိုဒ် (www.clep.org.cn) တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Chang’e-5 အာကာသယာဉ်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့ပြီး လ၏ မျက်နှာပြင်မှ အဓိကအားဖြင့် ကျောက်တုံးများ နှင့် အပေါ်ယံမြေဆီလွှာများဖြစ်သည့် လမျက်နှာပြင်နမူနာ စုစုပေါင်း ၁,၇၃၁ ဂရမ်အား ပြန်လည်ယူဆောင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ဇူလိုင်လတွင် အလေးချိန် ၁၇ ဂရမ်ခန့်ရှိသော ပထမအသုတ် လနမူနာအား အဖွဲ့အစည်း ၁၃ ခုထံသို့ ပေးပို့ခဲ့ပြီး အောက်တိုဘာလနှောင်းပိုင်းတွင် အလေးချိန် ၁၇ ဒသမ ၉ ဂရမ်ခန့်ရှိသော ဒုတိယအသုတ်အား သုတေသနအဖွဲ့အစည်း ၁၇ ခုမှ သိပ္ပံပညာရှင်များထံသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————-
(English Version)
China releases information of 15 new lunar samples online

BEIJING, Nov. 10 (Xinhua) — China has released the information of the third batch of lunar samples brought back by the country’s Chang’e-5 mission.

ublic users can log on to the website of China’s Lunar and Deep Space Exploration (www.clep.org.cn) to check for the related information of the 15 new samples and submit applications for research.

The Chang’e-5 probe returned to Earth on Dec. 17, 2020, retrieving a total of 1,731 grams of lunar samples, mainly rocks and soil from the moon’s surface.

China delivered the first batch of lunar samples, weighing about 17 grams, to 13 institutions in July. And later in October, the second batch weighing about 17.9 grams was distributed to scientists from 17 research institutions. Enditem

Photo – Photo taken on Oct. 21, 2021 shows the lunar soil brought back by China’s moon mission at an exhibition on China’s major scientific accomplishments during the 13th Five-Year Plan period (2016-2020) in Beijing, capital of China. (Xinhua/Jin Liwang)