Connect with us

China

တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာမှုအကူအညီများ အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက်ရှိ

အာဖဂန်နစ္စတန်နိုင်ငံ Balkh ပြည်နယ် Hairatan မြို့သို့ ရောက်ရှိလာသော တရုတ်နိုင်ငံက လှူဒါန်းသည့် လူသားချင်းစာနာမှုအကူအညီများအား ဒီဇင်ဘာ ၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

MAZAR-I-SHARIF ၊ အာဖဂန်နစ္စတန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက လှူဒါန်းသည့် အစားအစာ နှင့် အဝတ်အထည် တန်ချိန် ၅၀၀ ခန့်သည် အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း Balkh ပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သော Hairatan မြို့သို့ ရောက်ရှိခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အစားအစာ နှင့် အဝတ်အထည် တန်ချိန် ၅၀၀ ပါဝင်သည့် ကွန်တိန်နာ ၂၇ လုံးသည် ဒီဇင်ဘာ ၂ ရက် နှင့် ၃ ရက်တို့တွင် Hairatan နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် အာဖဂန်နစ္စတန်နိုင်ငံသို ဝင်ရောက်လာခဲ့သည်။ယင်းအထောက်အပံ့များအား ပြည်နယ်အသီးသီးသို့ ပို့ဆောင်သွားမည် ဖြစ်ပြီး လိုအပ်နေသူများအား ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်အကောက်ခွန်ရုံးမှ Abdul Matin Sayyed က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများသည် အာဖဂန်နစ္စတန်နိုင်ငံသို့ ကူညီသည့် အစားအစာ နှင့် အဝတ်အထည် တန်ချိန် ၁,၀၀၀ ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း နှင့် ကျန်ရှိနေသည့် ထောက်ပံ့ရေးပစ္စည်းများ မကြာမီ နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ရောက်ရှိလာရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
China-donated humanitarian aid arrives in Afghanistan: official
MAZAR-I-SHARIF, Afghanistan, Dec. 5 (Xinhua) — Some 500 tons of food and clothing donated by China have arrived in Afghanistan’s border city of Hairatan, northern Balkh province, a local official has said.
A total of 27 containers packed with 500 tons of food and clothing entered Afghanistan via the Hairatan port on Thursday and Friday. The supplies will be delivered to different provinces and will be distributed among the needy people, Abdul Matin Sayyed from the provincial custom office told Xinhua.
The supplies were part of the 1,000 tons of food and clothing aid to Afghanistan and the remaining is expected to arrive via the same port soon, the source said. Enditem
Photo – Photo taken on Dec. 2, 2021 shows China-donated humanitarian aid arrives at Hairatan city of Balkh province, Afghanistan. (Photo by Kawa Basharat/Xinhua)