Connect with us

China

တရုတ်နိုင်ငံက အထောက်အကူဖြစ်စေမည့် အကြံပေးချက်များကို ကြိုဆိုသော်လည်း မာနထောင်လွှားစိတ်ရင်းမမှန်သည့်ပြောကြားမှုများကို လက်ခံမည်မဟုတ်ဟု ရှီကျင့်ဖိန် ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် အလံတင်အခမ်းအနားအား တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်တွင် ကျင်းပနေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက အထောက်အကူဖြစ်စေမည့် အကြံပြုချက်များကို ကြိုဆိုသော်လည်း မာနထောင်လွှား စိတ်ရင်းမမှန်သည့် ပြောကြားမှုများကို လက်ခံမည်မဟုတ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ယနေ့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် အလံတင်အခမ်းအနားအား တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်တွင် ကျင်းပနေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် အလံတင်အခမ်းအနားအား တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်တွင် ကျင်းပနေသည်ကို ဇူလိုင် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မိမိတို့အနေဖြင့် အခြားယဉ်ကျေးမှု၏အောင်မြင်မှုများကို လေ့လာသင်ယူလိုသလို အကျိုးရှိမည့် အကြံပြုချက်နှင့် အပြုသဘောဆောင်သည့်ဝေဖန်ချက်များကို ကြိုဆိုကြောင်း တရုတ်နိုင်ငံသမ္မတနှင့်ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပေကျင်းမြို့၌ ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။

သို့သော်လည်း မာနထောင်လွှား စိတ်ရင်းမမှန်သည့် ပြောဆိုမှုမျိုးကိုမူ လက်ခံမည်မဟုတ်ဟု ၎င်းက ဆိုသည်။ (Xinhua)
———————————–
(English Version)
China welcomes helpful suggestions, but won’t accept sanctimonious preaching: Xi
2021-07-01 09:04:28
BEIJING, July 1 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, said on Thursday China welcomes helpful suggestions, but will not accept sanctimonious preaching.
“We are eager to learn what lessons we can from the achievements of other cultures, and welcome helpful suggestions and constructive criticism,” said Xi, also Chinese president and chairman of the Central Military Commission, at a ceremony marking the centenary of the CPC in Beijing.
“We will not, however, accept sanctimonious preaching from those who feel they have the right to lecture us,” he said. Enditem
Photo 1- A national flag-raising ceremony is held at Tian’anmen Square during a ceremony marking the centenary of the Communist Party of China (CPC) in Beijing, capital of China, July 1, 2021. (Xinhua/Wang Yuguo)
Photo2 – The national flag guards march during a flag-raising ceremony at a grand gathering celebrating the centenary of the Communist Party of China (CPC) at Tian’anmen Square in Beijing, capital of China, July 1, 2021. (Xinhua/Li Xin)
Photo 3- (210701) — BEIJING, July 1, 2021 (Xinhua) — A national flag-raising ceremony is held at Tian’anmen Square during a ceremony marking the centenary of the Communist Party of China (CPC) in Beijing, capital of China, July 1, 2021. (Xinhua/Xie Jianfei)