Connect with us

China

တရုတ်နိုင်ငံက အသေးစားနှင့် အလတ်စား လေဆိပ်များချောမွေ့စွာ လည်ပတ်နိုင်ရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ်၊ Nanjing Lukou အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်များကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အများပြည်သူအတွက် အခြေခံအဆောက်အအုံ၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည့် အသေးစားနှင့် အလတ်စား လေဆိပ်များ ချောမွေ့စွာလည်ပတ်နိုင်စေရန် ကြိုးပမ်းသွားမည်ဟု မြို့ပြလေကြောင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) သည် ထောက်ပံ့ရေးမူဝါဒများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ပြီး နှစ်စဉ်ခရီးသည် ၂ သန်းထက်နည်းသော လေဆိပ်များသို့ ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း CAAC မှ သိရသည်။

ထောက်ပံ့ရေးမူဝါဒများနှင့် ထောက်ပံ့မှုများသည် ၎င်းတို့၏ လုံခြုံချောမွေ့မှုနှင့် စဉ်ဆက်မပြတ်လည်ပတ်ဆောင်ရွက်နိုင်မှုကို သေချာစေရန် ကူညီပေးမည်ဖြစ်ပြီး အထူးသဖြင့် ဝေးလံခေါင်သီပြီး နယ်စပ်ဒေသများတွင် သွားလာရေးအဆင်မပြေသော လေဆိပ်များအား ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဆောင်ရွက်မှုအားလုံးသည် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တည်တံ့စေပြီး ပြည်သူများ၏ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးတွင်လေဆိပ်များ၏အခန်းကဏ္ဍကို မြှင့်တင်ရန် မျှော်လင့်ထားကြောင်း CAAC မှ ပြောကြားခဲ့သည်။

အသေးစားနှင့် အလတ်စား လေဆိပ်များသည် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရန်၊ စီးပွားရေးတိုးတက်မှုကို ထိန်းညှိပေးပြီး အရေးပေါ် ကယ်ဆယ်မှုပေးဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရသည်။ သို့သော် လေဆိပ်အများစုသည် ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ၎င်းတို့အနေဖြင့် ခက်ခဲစွာ ရုန်းကန်နေကြရကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ်၊ နှစ်ကုန်ပိုင်းအထိ တရုတ်နိုင်ငံ၏ အသိအမှတ်ပြု အများပြည်သူသယ်ယူပို့ဆောင်ရေး လေဆိပ်များနှင့် အထွေထွေ လေဆိပ် စုစုပေါင်း အရေအတွက်မှာ ၂၄၂ ခုနှင့် ၃၁၃ ခု အသီးသီးရှိကြောင်း CAAC ၏ အချက်အလက်များအရ သိရသည်။ (Xinhua)

————————————
(English Version)
China to sustain smooth operation of small, medium airports
BEIJING, Dec. 7 (Xinhua) — China will make efforts to sustain the smooth operation of small and medium-sized civil airports, an integral part of public infrastructure, according to the civil aviation authorities.
The Civil Aviation Administration of China (CAAC) will continuously implement support policies and give subsidies to those airports with an annual passenger throughput of less than 2 million, according to the CAAC.
The support policies and subsidies will help ensure their safe, smooth and continuous operation, especially those airports in remote and border regions with inconvenient transportation.
All the moves are expected to boost their roles in sustaining regional economic development and facilitating people’s travel, said the CAAC.
Small and medium-sized airports have a key role to play in facilitating travel, sustaining economic growth and providing emergency rescue. However, most of them struggle to make ends meet due to their small scale and the impact of the pandemic.
As of the end of 2020, China’s total number of certified civil transport airports and general airports stood at 241 and 313, respectively, according to data from the CAAC. Enditem