Connect with us

Science & Technology

တရုတ်နိုင်ငံက အာကာသစခန်းတည်ဆောက်ရေးအတွက် သုံးလကြာ လူလိုက်ပါသောမစ်ရှင်ပြီးဆုံး

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာကာသစခန်းတည်ဆောက်ရန်အတွက် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ပထမဆုံး ပို့လွှတ်ခဲ့သော တရုတ် အာကာသယာဉ်မှူး ၃ ဦးသည် ၎င်းတို့၏ သုံးလတာမစ်ရှင်ပြီးဆုံးကာ စက်တင်ဘာ ၁၇ ရက်တွင် ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အာကာသယာဉ်မှူးများဖြစ်သော နွဲ့ဟိုင်စိန့် (Nie Haisheng) ၊ လျိုပေါ်မင် (Liu Boming) နှင့် ထန်းဟုန်ပေါ (Tang Hongbo) တို့အား တင်ဆောင်လျက် လူလိုက်ပါနိုင်သော အာကာသယာဉ် Shenzhou-12 ၏ return capsule သည် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Dongfeng ယာဉ်ဆင်းသက်ရာနေရာ၌ ကျရောက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသအေဂျင်စီ (CMSA) ပြောကြားချက်အရ သိရသည်။

အဆိုပါ အာကာသယာဉ်မှူး ၃ ဦးသည် return capsule ထဲမှ ထွက်လာခဲ့ပြီး အခြေအနေကောင်းမွန်ကြကြောင်း သိရသည်။Dongfeng ယာဉ်ဆင်းသက်ရေးနေရာအား လူလိုက်ပါသော အာကာသယာဉ် ရှာဖွေရေးနှင့် ပြန်လည်သိမ်းယူရေးတွင် ပထမဆုံးအသုံးပြုခြင်းလည်း ဖြစ်သည်။

Shenzhou-12 အာကာသယာဉ်အား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Jiuquan ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇွန် ၁၇ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အာကာသစခန်း ပင်မခန်း Tianhe နှင့် ချိတ်ဆက်ခဲ့သည်။ ထိုသို့ချိတ်ဆက်ပြီးနောက် အာကာသယာဉ်မှူး ၃ ဦးသည် ပင်မခန်းသို့ ဝင်ရောက်သွားခဲ့ပြီး အာကာသတွင် သုံးလကြာနေထိုင်ခြင်းကို စတင်ခဲ့သည်။

၎င်းတို့သည် အာကာသဝတ်စုံဖြင့် အာကာသယာဉ်အပြင်ဘက်လုပ်ငန်းဆောင်ရွက်ခြင်း နှစ်ကြိမ်နှင့် အာကာသ သိပ္ပံနှင့် နည်းပညာ လက်တွေ့သုတေသနလုပ်ငန်းများစွာ ဆောင်ရွက်ခဲ့သည်။ ၎င်းတို့သည် အာကာသစခန်း တည်ဆောက်ခြင်းနှင့် လည်ပတ်ခြင်း၊ အာကာသယာဉ်မှူးများ ကာလရှည်နေထိုင်မှုများနှင့် ဆက်စပ်ခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် နေထိုင်မှုပံ့ပိုးစနစ်၊ အာကာသပစ္စည်းကိရိယာများ ပံ့ပိုးခြင်း၊ အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်မှုများနှင့် လုပ်ငန်းလည်ပတ်ခြင်းနှင့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ပြုပြင်ထိန်းသိမ်းခြင်း စသည်တို့အတွက် အဓိကကျသောနည်ပညာများ စမ်းသပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————–
(English Version)

China completes three-month manned mission for space station construction

BEIJING, Sept. 17 (Xinhua) — Three Chinese astronauts, the first sent to orbit for space station construction, have completed their three-month mission and returned to Earth safely on Friday.
The return capsule of the Shenzhou-12 manned spaceship, carrying astronauts Nie Haisheng, Liu Boming and Tang Hongbo, touched down at the Dongfeng landing site in north China’s Inner Mongolia Autonomous Region.

The three astronauts have exited the return capsule, all in good condition. This is also the first time that the Dongfeng landing site was used in the search and retrieval of the manned spacecraft.
On June 17, the Shenzhou-12 spaceship was launched from the Jiuquan Satellite Launch Center in northwest China and docked with the space station core module Tianhe. After docking, the three astronauts entered the core module and began their three-month stay in space.

The crew carried out extravehicular activities twice as well as a series of space science and technology experiments. They tested key technologies for the construction and operation of the space station, concerning long-term stays for astronauts, the recycling and life support system, supply of space materials, extravehicular activities and operations and in-orbit maintenance. Enditem

(210917) — DONGFENG LANDING SITE, Sept. 17, 2021 (Xinhua) — Astronauts Nie Haisheng (C), Liu Boming (R) and Tang Hongbo wave at the Dongfeng landing site in north China’s Inner Mongolia Autonomous Region on Sept. 17, 2021. Three Chinese astronauts, the first sent to orbit for space station construction, have completed their three-month mission and returned to Earth safely on Friday. (Xinhua/Ju Zhenhua)