Connect with us

CHINA

တရုတ်နိုင်ငံက အိုမီခရွန်ဗိုင်းရပ်စ် ဖြစ်ပွားမှုမြင့်တက်နေသည့်ကြားမှ အိုလံပစ်အားကစားပွဲကို ဘေးကင်းစွာ ကျင်းပနိုင်မည်ဟု ယုံကြည်ချက်ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ကျန်းကျားခိုမြို့ရှိ ၂၀၂၀ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ် အားကစားပွဲအတွက် ပြင်ဆင်လေ့ကျင့်မှုအတွင်း တရုတ်နိုင်ငံမှ စကိတ်အားကစားအဖွဲ့ ယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် COVID-19 အိုမီခရွန် ဗီဇမျိုးကွဲဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် ကမ္ဘာကြီးအတွက် ထိရောက်၍ ဘေးကင်းပြီး ခမ်းနားကြီးကျယ်သော ဆောင်းရာသီအိုလံပစ် အားကစားပွဲများ ကျင်းပရန် ယုံကြည်ချက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၃ ရက်၌ ပြောကြားခဲ့သည်။

၂၀၂၂ အိုလံပစ်နှင့် မသန်စွမ်း ဆောင်းရာသီအားကစားပွဲများအတွက် ပေကျင်း အိုလံပစ်အားကစားပွဲ ဖြစ်မြောက်ရေးကော်မတီ (BOCOG) သည် သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်မှုနှင့် ပြောင်းလဲနေသော အခြေအနေအပေါ် အခြေခံ၍ ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း အားကောင်းမှုရှိစေရန် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) နှင့် နိုင်ငံတကာ မသန်စွမ်းအိုလံပစ်ကော်မတီ (IPC) တို့နှင့် အနီးကပ် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ဝမ်းဝန်ပင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် IOC ၊IPC နှင့် BOCOG တို့သည် ၂၀၂၂ ခုနှစ် ပေကျင်း အားကစားနည်းဗျူဟာစာအုပ်များ (Beijing 2022 Playbooks) ဒုတိယအကြိမ် တည်းဖြတ်ထုတ်ဝေထုတ်ဝေခဲ့သည်။ Playbooks တွင် ကောက်နုတ်ဖော်ပြထားသော ကပ်ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်ချက်များသည် နောက်ဆုံးပေါ် သိပ္ပံနည်းကျ COVID-19 ရောဂါသုတေသနလုပ်ငန်းများ၊ ပညာရှင်အမြင်များနှင့် အခြားသော နိုင်ငံတကာ ယှဉ်ပြိုင်ပွဲအတွေ့အကြုံများအရ ဖော်ထုတ်ထားခြင်း ဖြစ်ကြောင်း ဝမ်းက ဆိုသည်။

“ဒီလို တန်ပြန်ဆောင်ရွက်ချက်တွေက အားကစားပွဲများအတွင်း COVID-19 ရောဂါအန္တရာယ်အား ထိရောက်စွာ လျှော့ချဖို့၊ အားကစားသမားများနှင့် အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ်၌ ပါဝင်သူများအတွက် ဘေးကင်း၍ အဆင်ပြေချောမွေ့မှုရှိစေဖို့နှင့် ဒေသခံများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကို ကာကွယ်ဖို့ ရည်ရွယ်ထားပါတယ်။ Playbooks ကို လူတိုင်းတင်းတင်းကြပ်ကြပ် လိုက်နာနိုင်ကြမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နေအိမ်၌ COVID-19 ရောဂါတိုက်ဖျက်ရာတွင် မဟာဗျူဟာမြောက် အောင်မြင်မှုရှိပြီးဖြစ်ကြောင်းနှင့် အချိန်တိုတိုနှင့် ထိရောက်မှုရှိသော ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစနစ်ကို အကောင်အထည်ဖော်ထားလျက်ရှိကြောင်း ဝမ်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(English Version)
China confident of holding safe Olympics amid Omicron surge
Source: Xinhua
Editor: huaxia
2022-01-04 23:42:16
BEIJING, Jan. 4 (Xinhua) — China has the confidence to overcome the challenges posed by the Omicron variant of COVID-19 and deliver a streamlined, safe and splendid Winter Olympic Games for the world, a Foreign Ministry spokesperson said here Tuesday.
Wang Wenbin told a news briefing that the Beijing Organising Committee for the 2022 Olympic and Paralympic Winter Games (BOCOG) is in close communication with the International Olympic Committee (IOC) and International Paralympic Committee (IPC) to ensure sound epidemic prevention and control work based on scientific analysis and in light of the changing situation.
Recently, the IOC, the IPC and the BOCOG published the second edition of the Beijing 2022 Playbooks. The epidemic control measures outlined in the Playbooks are formulated in accordance with the latest COVID-19 scientific research, expert opinions and the experience of other international competitions, Wang said.
“These countermeasures aim to effectively reduce the risk of COVID-19, ensure the safety of and convenience for athletes and all Olympic and Paralympic participants during the Games, and protect the health and safety of the local population. We hope everyone can strictly abide by the Playbooks,” he said.
Wang added that China has secured a strategic victory in the fight against COVID-19 at home and put in place an efficient and effective epidemic prevention and control system. ■
Photo : Athletes of Chinese national cross-country skiing team compete during an intra-team simulation competition preparing for the Beijing 2022 Olympic Winter Games in Zhangjiakou City, north China’s Hebei Province, on Dec. 12, 2021. (Xinhua/Hu Huhu)
……………………………………
(Zawgyi Version)
တ႐ုတ္ႏိုင္ငံက အိုမီခ႐ြန္ဗိုင္းရပ္စ္ ျဖစ္ပြားမႈျမင့္တက္ေနသည့္ၾကားမွ အိုလံပစ္အားကစားပြဲကို ေဘးကင္းစြာ က်င္းပႏိုင္မည္ဟု ယုံၾကည္ခ်က္ရွိ

ေပက်င္း၊ ဇန္နဝါရီ ၅ ရက္ (ဆင္ဟြာ)

တ႐ုတ္ႏိုင္ငံသည္ COVID-19 အိုမီခ႐ြန္ ဗီဇမ်ိဳးကြဲဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ေပၚလာေသာ စိန္ေခၚမႈမ်ားကို ေက်ာ္လႊားရန္ႏွင့္ ကမာၻႀကီးအတြက္ ထိေရာက္၍ ေဘးကင္းၿပီး ခမ္းနားႀကီးက်ယ္ေသာ ေဆာင္းရာသီအိုလံပစ္ အားကစားပြဲမ်ား က်င္းပရန္ ယုံၾကည္ခ်က္ရွိေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက ဇန္နဝါရီ ၃ ရက္၌ ေျပာၾကားခဲ့သည္။

၂၀၂၂ အိုလံပစ္ႏွင့္ မသန္စြမ္း ေဆာင္းရာသီအားကစားပြဲမ်ားအတြက္ ေပက်င္း အိုလံပစ္အားကစားပြဲ ျဖစ္ေျမာက္ေရးေကာ္မတီ (BOCOG) သည္ သိပၸံပညာရပ္ဆိုင္ရာ ေလ့လာဆန္းစစ္မႈႏွင့္ ေျပာင္းလဲေနေသာ အေျခအေနအေပၚ အေျခခံ၍ ကူးစက္ေရာဂါကာကြယ္ေရးႏွင့္ ထိန္းခ်ဳပ္ေရးလုပ္ငန္း အားေကာင္းမႈရွိေစရန္ ႏိုင္ငံတကာ အိုလံပစ္ေကာ္မတီ (IOC) ႏွင့္ ႏိုင္ငံတကာ မသန္စြမ္းအိုလံပစ္ေကာ္မတီ (IPC) တို႔ႏွင့္ အနီးကပ္ ဆက္သြယ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဝမ္းဝန္ပင္းက သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

လက္ရွိတြင္ IOC ၊IPC ႏွင့္ BOCOG တို႔သည္ ၂၀၂၂ ခုႏွစ္ ေပက်င္း အားကစားနည္းဗ်ဴဟာစာအုပ္မ်ား (Beijing 2022 Playbooks) ဒုတိယအႀကိမ္ တည္းျဖတ္ထုတ္ေဝထုတ္ေဝခဲ့သည္။ Playbooks တြင္ ေကာက္ႏုတ္ေဖာ္ျပထားေသာ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး ေဆာင္႐ြက္ခ်က္မ်ားသည္ ေနာက္ဆုံးေပၚ သိပၸံနည္းက် COVID-19 ေရာဂါသုေတသနလုပ္ငန္းမ်ား၊ ပညာရွင္အျမင္မ်ားႏွင့္ အျခားေသာ ႏိုင္ငံတကာ ယွဥ္ၿပိဳင္ပြဲအေတြ႕အႀကဳံမ်ားအရ ေဖာ္ထုတ္ထားျခင္း ျဖစ္ေၾကာင္း ဝမ္းက ဆိုသည္။

“ဒီလို တန္ျပန္ေဆာင္႐ြက္ခ်က္ေတြက အားကစားပြဲမ်ားအတြင္း COVID-19 ေရာဂါအႏၲရာယ္အား ထိေရာက္စြာ ေလွ်ာ့ခ်ဖို႔၊ အားကစားသမားမ်ားႏွင့္ အိုလံပစ္ႏွင့္ မသန္စြမ္းအိုလံပစ္၌ ပါဝင္သူမ်ားအတြက္ ေဘးကင္း၍ အဆင္ေျပေခ်ာေမြ႕မႈရွိေစဖို႔ႏွင့္ ေဒသခံမ်ား၏ က်န္းမာေရးႏွင့္ ေဘးကင္းေရးကို ကာကြယ္ဖို႔ ရည္႐ြယ္ထားပါတယ္။ Playbooks ကို လူတိုင္းတင္းတင္းၾကပ္ၾကပ္ လိုက္နာႏိုင္ၾကမယ္လို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္” ဟု ၎က ေျပာခဲ့သည္။

တ႐ုတ္ႏိုင္ငံအေနျဖင့္ ေနအိမ္၌ COVID-19 ေရာဂါတိုက္ဖ်က္ရာတြင္ မဟာဗ်ဴဟာေျမာက္ ေအာင္ျမင္မႈရွိၿပီးျဖစ္ေၾကာင္းႏွင့္ အခ်ိန္တိုတိုႏွင့္ ထိေရာက္မႈရွိေသာ ကူးစက္ေရာဂါ ကာကြယ္ေရးႏွင့္ ထိန္းခ်ဳပ္ေရးစနစ္ကို အေကာင္အထည္ေဖာ္ထားလ်က္ရွိေၾကာင္း ဝမ္းက ျဖည့္စြက္ေျပာၾကားခဲ့သည္။ (Xinhua)

ပုံစာ – တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္း ဟဲေပျပည္နယ္ က်န္းက်ားခိုၿမိဳ႕ရွိ ၂၀၂၀ ခုႏွစ္ ေပက်င္း ေဆာင္းရာသီအိုလံပစ္ အားကစားပြဲအတြက္ ျပင္ဆင္ေလ့က်င့္မႈအတြင္း တ႐ုတ္ႏိုင္ငံမွ စကိတ္အားကစားအဖြဲ႕ ယွဥ္ၿပိဳင္ကစားေနသည္ကို ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္က ေတြ႕ရစဥ္ (ဆင္ဟြာ)

#China, #Olympic, #Omicron, #COVID_19, #Xinhua, #Myanmar, #XinhuaMyanmar, #တ႐ုတ္, #အိုလံပစ္, #အိုမီခ႐ြန္, #ဆင္ဟြာ, #ျမန္မာ #ဆင္ဟြာျမန္မာ