Connect with us

Science & Technology

တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း ဒီဂျစ်တယ်ယာဉ်မောင်းလိုင်စင် ထုတ်ပေးရန် စီစဉ်

ပေကျင်း ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း ဒီဂျစ်တယ်ယာဉ်မောင်းလိုင်စင် ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Li Guozhong က ဇွန် ၁ ရက်တွင် ထျန်းကျန်း ၊ ချိန်တူး နှင့် စူးကျိုးမြို့တို့၌ ရှေ့ပြေးစီမံကိန်း စတင်ချိန်မှစ၍ လူပေါင်း ၁ ဒသမ ၉၅ သန်းကျော်မှာ ဒီဂျစ်တယ်ယာဉ်မောင်းလိုင်စင်များ ရရှိထားပြီးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝန်ကြီးဌာနကသတင်းအချက်အလက်စနစ် နှင့် အထောက်အပံ့ပေးသည့် အဖွဲ့အစည်းများ တိုးတက်စေရန် ပိုမိုကြိုးပမ်းအားထုတ်မှုများနှင့်အတူ ယခုနှစ် ဒုတိယနှစ်ဝက်တွင် ရှေ့ပြေးစီမံကိန်းအား ဒေသများတွင် ထပ်မံတိုးချဲ့ရန် စီစဉ်ထားကြောင်း သိရသည်။

ယာဉ်မောင်းသူများသည် တရားဝင် မိုဘိုင်းလ် အက်ပလီကေးရှင်းမှတစ်ဆင့် ဒီဂျစ်တယ်လိုင်စင်အား လျှောက်ထားနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Li Guozhong က ပြောကြားခဲ့သည်။

ဒီဂျစ်တယ်လိုင်စင်များအား လမ်းစည်းကမ်းချိုးဖောက်မှုများကို ကိုင်တွယ်ခြင်း နှင့် ယာဉ်မတော်တဆမှုများ ၊ အာမခံတောင်းဆိုမှုများ နှင့် မော်တော်ယာဉ်ဌားရမ်းခြင်းတို့အပါအဝင် အကြောင်းအရာအမျိုးမျိုးတွင် အသုံးပြုနိုင်ကြောင်း နှင့် စက္ကူလိုင်စင်များကဲ့သို့ တူညီသော ဥပဒေသက်ရောက်မှု ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

————————————————–
(English Version)

China plans to issue digital driver’s license nationwide by 2022

BEIJING, Aug. 18 (Xinhua) — China will roll out digital driver’s licenses across the country by 2022, a public security official said on Wednesday.

Li Guozhong, spokesperson for the Ministry of Public Security, told a press conference that over 1.95 million people have obtained digital driver’s licenses since a pilot program was launched in the cities of Tianjin, Chengdu and Suzhou on June 1.

The ministry planned to expand the pilot program to more regions in the second half of this year, with more efforts put into improving the information system and supporting institutions, said Li.

Drivers can apply for a digital license through an official mobile app, Li said.Digital licenses can be used on various occasions, including handling traffic violations and road accidents, filing insurance claims and renting vehicles, and have the same legal effect as paper licenses, Li added. Enditem

Photo – A man shows his digital driver’s license in north China’s Tianjin, June 1, 2021. On Tuesday, the digital driver’s license pilot program was launched in Tianjin, Chengdu, and Suzhou. About 180,000 people there acquired their digital driver’s license through an official traffic management mobile app. (Photo by Sun Fanyue/Xinhua)