Connect with us

Economy

တရုတ်နိုင်ငံက ၂၀၂၅ ခုနှစ်မတိုင်မီ လေယာဉ် ၅,၀၀၀ ကျော် ရှိလာမည်

ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းပို့ဆောင်ရေးလုပ်ငန်းက တိုးတက်မှု တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်စတင်မည် ဖြစ်ပြီး လာမည့် နှစ် ၂၀ အတွင်း အရပ်ဘက် ခရီးသည်တင်လေယာဉ်အသစ် စုစုပေါင်း ၇,၆၄၆ စင်း ရှိလာမည် ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ အစီရင်ခံစာများအရ သိရသည်။၂၀၂၅ ခုနှစ်မတိုင်မီ တရုတ်နိုင်ငံ၏ စုစုပေါင်း လေယာဉ်အရေအတွက်သည် ၅,၃၄၃ စင်းအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု သုတေသနစင်တာမှ ထုတ်ပြန်သည့် အစီရင်ခံစာများက ဖော်ပြထားသည်။

COVID-19 ရောဂါသည် ကမ္ဘာ့လေကြောင်းဈေးကွက်ကို ဆိုးဝါးစွာသက်ရောက်မှုရှိခဲ့ပြီး တရုတ်နိုင်ငံ၏ ထိရောက်သော ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကြောင့် တရုတ်နိုင်ငံသည် တစ်စိတ်တစ်ဒေသအားဖြင့် တောက်ပသောနေရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

လာမည့် ဆယ်စုနှစ် နှစ်ခုအတွင်း တရုတ်နိုင်ငံ၏ လေကြောင်းလိုင်းများတွင် ခရီးသည်တင်လေယာဉ် ၇,၆၄၆ စင်းနှင့် ကုန်တင်လေယာဉ် ၆၅၀ စင်း လိုအပ်မည်ဖြစ်ကြောင်း၊ အရပ်ဘက် ရဟတ်ယာဉ်အရေအတွက်မှာမူ ၂၀၄၀ ပြည့်နှစ်မတိုင်မီ ၁၀,၀၀၀ ကျော်ရှိလာရန် မျှော်မှန်းထားကြောင်း အစီရင်ခံစာများအရ သိရသည်။ (Xinhua)

…………………………………………

(English Version)

China to boast more than 5,000 aircraft by 2025

Source: Xinhua| 2021-12-11 10:26:33|Editor: huaxia
BEIJING, Dec. 11 (Xinhua) — China’s civil aviation transport industry will resume steady growth, adding a total of 7,646 new civil passenger aircraft over the next 20 years, according to industry reports.

By 2025, China’s total number of aircraft will likely reach 5,343, according to the reports issued by the Aviation Industry Development Research Center of China.

While COVID-19 has severely impacted the global aviation market, China emerges as a bright spot partly due to the country’s effective epidemic prevention and control measures.

Chinese airlines will need 7,646 new passenger airplanes and 650 cargo aircraft over the next two decades. The number of civil helicopters is expected to exceed 10,000 by 2040, according to the reports. Enditem

Photo : China’s homegrown large passenger plane C919 made its maiden flight in Shanghai on May 5, 2017. (Xinhua/Ding Ting)