Connect with us

CHINA

တရုတ်နိုင်ငံက COVID-19 ရောဂါတွေ့ရှိခြင်းကြောင့် လေကြောင်းခရီးစဉ်နှစ်ခု ဆိုင်းငံ့

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းစည်းကမ်းထိန်းသိမ်းရေးက ခရီးသည်များတွင် COVID-19 ရောဂါတွေ့ရှိပြီးနောက် Xiamen Airlines ခရီးစဉ်တစ်ခုနှင့် China Southern Airlines ခရီးစဉ်တစ်ခုတို့အား ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။ဩဂုတ်် ၁၃ ရက်က Xiamen လေကြောင်းလိုင်း၏ Manila-Xiamen ခရီးစဉ်အမှတ် MF820 တွင် ခရီးသည် ၈ ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ယင်းခရီးစဉ်အား ဩဂုတ် ၃၀ ရက်မှစတင်ကာ ရက်သတ္တပတ်နှစ်ပတ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) က ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် China Southern လေကြောင်းလိုင်း၏ ဩဂုတ် ၁၄ ရက် ခရီးစဉ်၌ ခရီးသည် ၉ ဦးတွင် ရောဂါပိုးတွေ့ရှိပြီးနောက် ရန်ကုန်-ကွမ်ကျိုး ခရီးစဉ်အမှတ် CZ3056 ကိုလည်း ဩဂုတ် ၃၀ ရက်မှစတင်၍ ရက်သတ္တပတ်နှစ်ပတ်ကြာ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်များမှ မူလခွင့်ပြုထားသောပမာဏအား အခြားလမ်းကြောင်းသို့ လွှဲပြောင်းခွင့် မပြုထားကြောင်း CAAC က ဆိုသည်။

CAAC မူဝါဒအရ လေကြောင်းလိုင်းများအနေဖြင့် သီတင်းနှစ်ပတ်ကြာခရီးစဉ်ဆိုင်းငံ့ခြင်းများ သို့မဟုတ် COVID-19 ရောဂါတွေ့ရှိသည့် ခရီးသည် အရေအတွက် ၅ ဦးအထိ ရောက်ရှိလာပါက လေးပတ်ကြာ ၄၀ ရာခိုင်နှုန်းထက်မကျော်သော ခရီးသည်များဖြင့် မောင်းနှင်ပျံသန်းခြင်း တစ်ခုခုကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)

China suspends two flights over COVID-19 cases

BEIJING, Aug. 26 (Xinhua) — China’s civil aviation regulator has announced the suspension of a Xiamen Airlines flight and a China Southern Airlines flight after passengers tested positive for COVID-19.

A total of eight passengers tested positive on Xiamen Airlines’ Manila-Xiamen flight MF820 on Aug. 13, and the flight will be suspended for two weeks starting Aug. 30, said the Civil Aviation Administration of China (CAAC) Thursday.

China Southern Airlines’ Yangon-Guangzhou flight CZ3056 will also be suspended for two weeks starting Aug. 30 after nine passengers tested positive on the Aug. 14 flight.
The CAAC said that neither airline is allowed to transfer the original quota of these flights to other routes.

According to the CAAC policy, airlines can choose either to have two weeks of flight suspensions or to operate with the flight occupancy at no more than 40 percent for four weeks if the number of COVID-19 positive passengers reaches five. Enditem

Photo : The first flight of China Southern Airlines’ Guangzhou-Urumqi-Vienna route prepares to land at Vienna International Airport, Vienna, Austria, on June 18, 2019. China Southern Airlines launched a new air route connecting Guangzhou, Urumqi and Vienna on Tuesday. Flight services of the route will be offered on each Tuesday, Thursday and Saturday. (Xinhua/Guo Chen)