Connect with us

Science & Technology

တရုတ်နိုင်ငံက Kuaizhou-1A ဒုံးပျံဖြင့် ဂြိုဟ်တုသစ်တစ်စင်းလွှတ်တင်

ကျိုချွမ်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ကြာသပတေးနေ့တွင် ဂြိုဟ်တုသစ်တစ်စင်းလွှတ်တင်ခဲ့သည်။
Shiyan-11အမည်ရှိ အဆိုပါဂြိုဟ်တုကို ယနေ့ ပေကျင်းစံတော်ချိန် နံနက် ၇ နာရီ ၄၁ မိနစ်က Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ရာ သတ်မှတ်ဂြိုဟ်လမ်းသို့ ရောက်အောင် ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယင်းဂြိုဟ်တုကို မြေယာစစ်တမ်းကောက်ယူခြင်း၊ မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ သီးထွက်နှုန်းခန့်မှန်းခြင်းနှင့်သဘာဝဘေးအန္တရာယ်လျှော့ချကာကွယ်ရေးတို့တွင် အဓိက အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
တရုတ်လို အမြန်သင်္ဘောဟု အဓိပ္ပါယ်ရသည့်“Kuaizhou-1A”ဒုံးပျံသည် ကုန်ကျစရိတ်သက်သာသည့် အသေးစား solid-fuelသုံး ဒုံးပျံဖြစ်ပြီး အသင့်ပြင်ဆင်ချိန်တိုတောင်းကြောင်း သိရသည်။ ယင်းဒုံးပျံကို အလေးချိန် ၃၀၀ ကီလိုဂရမ်အောက် ပတ်လမ်းနိမ့်ဂြိုဟ်တုလွှတ်တင်ရန်အတွက် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။ ယခုဂြိုဟ်တုလွှတ်တင်မှုသည် Kuaizhou-1A ဒုံးပျံ၏ ၁၃ ကြိမ်မြောက် မစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

1st LD-Writethru: China’s Kuaizhou-1A rocket launches new satellite
2021-11-25 10:57:48

JIUQUAN, Nov. 25 (Xinhua) — China on Thursday sent a new satellite into space from the Jiuquan Satellite Launch Center in northwest China.

The Shiyan-11 satellite was launched by a Kuaizhou-1A carrier rocket at 7:41 a.m. (Beijing Time) and entered the planned orbit.

The satellite will be mainly used for land surveys, urban planning, crop yield estimation and disaster prevention and mitigation.

Kuaizhou-1A, which means “fast ship” in Chinese, is a low-cost small solid-fuel carrier rocket with a short preparation period. The rocket is designed to launch low-orbit satellites weighing under 300 kg.
It was the 13th flight mission of the Kuaizhou-1A rockets, according to the launch center. Enditem

A Kuaizhou-1A carrier rocket carrying Shiyan-11 satellite blasts off from the Jiuquan Satellite Launch Center in northwest China, Nov. 25, 2021. (Xinhua/Wang Jiangbo)