Connect with us

Culture & Entertainment

တရုတ်နိုင်ငံတွင် ချောက်ကမ်းပါးစွန်းရှိရုပ်ပွားတော် နှင့် ဂူဘုရားကျောင်း၆၃၅ ခု ရှာဖွေတွေ့ရှိ

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတစ်ဝန်း ၁၀ လကြာ ကွင်းဆင်းလေ့လာမှုတစ်ခုတွင် ချောက်ကမ်းပါးစွန်းရှိရုပ်ပွားတော် နှင့် ဂူဘုရားကျောင်း ၆၃၅ ခုအား ရှာဖွေတွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံက ဒီဇင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့သည်။ရှာဖွေတွေ့ရှိမှုအသစ်များသည် နိုင်ငံ၏ဂူဘုရားကျောင်းများနှင့် ချောက်ကမ်းပါးစွန်းရှိရုပ်ပွားတော်များ စုစုပေါင်း ၅,၉၈၆ ခုအထိ ရှိလာခဲ့ကြောင်း အမျိုးသားယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲရေးဦးစီးဌာန (NCHA) က ထုတ်ပြန်ခဲ့သည်။

၎င်းတို့အနက် ဂူဘုရားကျောင်း ၂,၁၅၅ ခုနှင့် ချောက်ကမ်းပါးစွန်းရှိရုပ်ပွားတော် ၃,၈၃၁ ဆူရှိပြီး နိုင်ငံအဆင့်ကာကွယ်မှုအောက်တွင် ထိန်းသိမ်းထားသည့်နေရာ ၂၈၈ ခုရှိကြောင်း NCHA က ဖြည့်စွက်ဖော်ပြထားသည်။

ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသောနေရာနှင့် ရာသီဥတုဆိုးရွားခြင်း အခြေအနေအား ကြံ့ကြံ့ခံလျက် အဖွဲ့ပေါင်း ၁၅၀ ကျော်မှ သုတေသီ ၂,၀၀၀ ခန့်သည် နိုင်ငံ၏ လိုဏ်ဂူနေရာများအား ထိန်းသိမ်းစစ်ဆေးရေး စစ်တမ်းတွင် ပါဝင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

————————————–
(English Version)

China discovers 635 cave temples, cliff statues

BEIJING, Dec. 24 (Xinhua) — China announced Friday that 635 cave temples and cliff statues were discovered in a 10-month field survey nationwide.
The new discoveries brought the total number of the country’s cave temples and cliff statues to 5,986, the National Cultural Heritage Administration (NCHA) said.
Among them, 2,155 are cave temples and 3,831 cliff statues, with 288 sites under state protection, the NCHA added.

Braving high altitudes and bad weather, about 2,000 researchers in more than 150 teams had taken part in the survey to examine the conservation of the country’s grotto sites. Enditem