Connect with us

China

တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၈၀၀၀ သက်တမ်းရှိသော အရက်အကြွင်းအကျန်များကို ရှေးဟောင်းသုတေသနပညာရှင်များ ရှာဖွေတွေ့ရှိ

(အလယ်)၌ အရက် ပါဝင်သည့် ကြေးရေနွေးအိုးကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Shaanxi ပြည်နယ်ရှိ Qin မင်းဆက်ဂူသင်္ချိုင်းမှ ၂၀၁၈ ခုနှစ်၊ မတ် ၁၈ ရက်က တူးဖော်တွေ့ရှိခဲ့စဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်းတွင် တူးဖော်တွေ့ရှိခဲ့သည့် နှစ်ပေါင်း ၈၀၀၀ သက်တမ်းရှိသော မြေအိုးများတွင် အရက်ချက်ရန် မှိုကို အသုံးပြုကြောင်း တရုတ်လူမျိုးများ၏ အစောဆုံးအထောက်အထားကို တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနပညာရှင်များက ဒီဇင်ဘာ ၁၇ ရက်တွင်ပြောသည်။

ဟဲနန် ပြည်နယ်ရှိ Peiligang ယဉ်ကျေးမှုနေရာ၌ တွေ့ရှိခဲ့သည့် မြေအိုးနှစ်လုံး၏ အကြွင်းအကျန်များတွင် ဆန်မှစိမ်ထားသော ကစီဓာတ်အစေ့အဆန်များနှင့်အတူ မှိုကိုင်းများနှင့် ကြာရှည်ခံဆေး အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနဌာနလက်အောက်ရှိ တရုတ်လူမှုသိပ္ပံအကယ်ဒမီမှ လက်ထောက်သုတေသီ Li Yongqiang က ပြောကြားခဲ့သည်။

ရှာဖွေတွေ့ရှိမှုအရ အဆိုပါအိုးများကို တစ်ချိန်က အရက်ချက်လုပ်ရန်နှင့် သိုလှောင်ရန်အတွက် အသုံးပြုခဲ့သည်ကို ဖော်ပြနေကြောင်း လီက ပြောကြားခဲ့သည်။
Peiligang ယဉ်ကျေးမှုနေရာသည် နှစ်ပေါင်း ၈၀၀၀ ခန့်က တရုတ်နိုင်ငံ၏ အစောဆုံး ရွာအပျက်အစီးများအနက် တစ်ခုဖြစ်သည်။ ယင်းနေရာမှ စိုက်ပျိုးရေးလုပ်ငန်း၊ မြေအိုးလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းအပြင် ရှေးခေတ်က အရက်ချက်လုပ်နည်းများဆိုင်ရာ လေ့လာမှုများအတွက် အရေးကြီးသော အထောက်အထားများကို တွေ့ရှိရကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Archaeologists discover remnants of 8,000-yr-old alcohol in China
ZHENGZHOU, Dec. 17 (Xinhua) — Archaeologists said Friday that they had found the earliest evidence of Chinese people using monascus to make alcohol in 8,000-year-old clay pots unearthed in central China.
A large amount of monascus hypha and cleistothecia, together with fermented starch grains from rice, were detected in remnants of two clay pots found in the Peiligang cultural site in Henan Province, said Li Yongqiang, an assistant researcher with the Institute of Archaeology under the Chinese Academy of Social Sciences.
The discovery indicates that the pots were once used for brewing and storing alcohol, Li said.
Peiligang is one of the earliest village ruins in China, dating back about 8,000 years. It provides important evidence for studies on the origin and development of agriculture, pottery making, the textile industry as well as alcohol making techniques in ancient times. Enditem