Connect with us

Africa & Middle East

တရုတ်နိုင်ငံထုတ် လျှပ်စစ် ဗန်ကားကြီးများ ပထမသုတ် အစ္စရေးနိုင်ငံ၌ ရောင်းချခဲ့ရ

တရုတ်နိုင်ငံ ကားထုတ်လုပ်ရေးကုမ္ပဏီ SAIC Motor Corporation မှ ထုတ်လုပ်သော Maxus e Deliver 9 ဗန်ကားတစ်စီး အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျေရုစလမ် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံး လျှပ်စစ်ဗန်ကားကြီးများ ပထမသုတ်ကို အစ္စရေးနိုင်ငံသို့ တင်ပို့၍ ရောင်းချခဲ့ရကြောင်း အစ္စရေးနိုင်ငံရှိ တရုတ်ကားတင်သွင်းသည့် လုပ်ငန်းကုမ္ပဏီက ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။ယင်းကုမ္ပဏီက တရုတ်နိုင်ငံကားထုတ်လုပ်ရေး လုပ်ငန်းစုကြီးဖြစ်သည့် SAIC Motor Corporation နှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ထားသော လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော SAIC Maxus မှ တီထွင်ထုတ်လုပ်သည့် လုပ်ငန်းသုံး လျှပ်စစ် ဗန်ကားမော်ဒယ်အမျိုးအစား Maxus e Deliver 9 မော်တော်ယာဉ်များကို အစ္စရေးနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံသို့ တင်သွင်းသော ယင်းဗန်ကားအမျိုးအစားတွင် ခရီးအကွာအဝေး ၃၅၀ ကီလိုမီတာအထိ မောင်းနှင်နိုင်သည့် ၈၈.၅ kWh ထိ ခံနိုင်ရည်ရှိသော ဘတ္ထရီတစ်လုံးတပ်ဆင်ထား သည်။ ပုံမှန် ဘတ္ထရီ အားသွင်းချိန် ၈ နာရီခန့် ကြာမြင့်ပြီး ၊ ကားဘတ္ထရီ ၈၀ ရာခိုင်နှုန်း “အား”ရှိနေချိန်တွင် အားသွင်းချိန် ၄၅ မိနစ်ခန့်သာ လိုအပ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဘစ်တ်ကားများ နှင့် ထရက်စ်ကားကြီးများ အပါအဝင် တရုတ်နိုင်ငံထုတ် မော်တော်ကားအမျိုးမျိုး နှင့် အင်ဂျင်အစိတ်အပိုင်းကြီးများကို တင်သွင်ကြောင်းသိရသည်။ (Xinhua)

—————————————————
( English Version)

1st batch of Chinese electric heavy vans sold in Israel

JERUSALEM, July 4 (Xinhua) — The first batch of Chinese electric heavy commercial vehicles was exported to and sold in Israel, the Israeli car import dealership China Motors said Sunday.

The company imports the electric commercial model Maxus e Deliver 9 from the automaker SAIC Maxus, a subordinate company of China’s leading automaker SAIC Motor Corporation.

The van version offered in Israel has an 88.5-kWh battery capacity, which gives it a driving range of about 350 km. Regular charging of the vehicle’s battery takes about eight hours, while fast charging of 80 percent of the battery takes about 45 minutes.

Founded in 2009, China Motors imports from China a variety of vehicles, including buses and trucks, as well as heavy engineering equipment. Enditem