Connect with us

Economy

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ မီးရထား သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုး

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့သည် မီးရထား သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပထမဆုံး နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အား နိုဝင်ဘာ ၃၀ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ဗီဒီယိုလင့်ခ်မှတစ်ဆင့် လက်မှတ်ရေးထိုးခဲ့သော ၎င်းသဘောတူစာချုပ်သည် အပြန်အလှန်လေးစားမှု၊ နှစ်နိုင်ငံ အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှု၊ ဘေးကင်း၍ အရည်အသွေးရှိမှု၊ အဆင်ပြေချောမွေ့မှုနှင့် ထိရောက်မှု မြှင့်တင်ခြင်းနှင့် ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းခြင်း စည်းမျဉ်းများအပေါ် အခြေခံထားကြောင်းနှင့် နယ်စပ်ဖြတ်ကျော် ရထားလမ်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုမှတစ်ဆင့် အဆင်ပြေစွာဆောင်ရွက်ရေးအတွက် ရည်ရွယ်ထားကြောင်း သိရသည်။

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်နှင့် ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းချိတ်ဆက်ထားသော အချက်အချာဒေသအဖြစ် ပြောင်းလဲမည့် လာအိုနိုင်ငံ၏ မဟာဗျူဟာကြား ချိတ်ဆက်ထားခြင်းဖြစ်သည်။ ရထားလမ်းတည်ဆောက်မှုကို၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလတွင် စီမံကိန်းပြီးစီးကာ လုပ်ငန်းလည်ပတ်ရန် လျာထားသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အား ချိတ်ဆက်ထားသော လျှပ်စစ် ခရီးသည်တင်ရထား နှင့် ကုန်တင်ရထားလမ်းသည် စုစုပေါင်း ၁,၀၃၅ ကီလိုမီတာ ရှည်လျားကြောင်း သိရသည်။ (Xinhua)

————————————————————-
(English Version)

China, Laos sign first cooperation agreement on rail transport
Source: Xinhua| 2021-11-30 20:06:57|Editor: huaxia
BEIJING, Nov. 30 (Xinhua) — China and Laos on Tuesday signed the first bilateral intergovernmental cooperation agreement in the field of rail transport.
The agreement, which was signed via video link, is based on the principles of promoting mutual respect, win-win cooperation, safety and quality, convenience and efficiency and deepening friendship, and aims at optimizing bilateral cross-border railway transport services.

The China-Laos railway is a docking project between the China-proposed Belt and Road Initiative and Laos’ strategy to convert itself from a landlocked country to a land-linked hub. Construction started in December 2016 and is scheduled to be completed and operational in December this year.

The electrified passenger and cargo railway links Kunming, capital of southwest China’s Yunnan Province and Lao’s capital Vientiane, with a total length of 1,035 km. Enditem
Photo : Workers lay tracks at the construction site of the China-Laos railway in Vientiane, Laos, March 27, 2020. With its first 500-meter-long rail steadily laid on the subgrade, the China-Laos railway kicked off its track laying work on Friday in Lao capital Vientiane. The rail is the longest one outside China in Asia and it was also the first time the CYP500 track laying machine has been used in railway construction in Southeast Asia, said Hu Bin, project manager of the China Railway No. 2 Engineering Group (CREC-2). (Photo by Kaikeo Saiyasane/Xinhua)