Connect with us

CHINA

တရုတ်နိုင်ငံမှ ကာကွယ်ဆေးများသည် COVID-19 Delta ဗီဇပြောင်းဗိုင်းရပ်စ်အား ကာကွယ်ရာတွင် အကျိုးသက်ရောက်မှုရှိကြောင်းဆို

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ Beijing Biological Products Institute Co., Ltd. ၏ ထုပ်ပိုးမှုစက်ရုံတွင် COVID-19 inactivated ကာကွယ်ဆေး ထုတ်ကုန်များ၏ ထုပ်ပိုးမှုအရည်အသွေးအား ဝန်ထမ်းတစ်ဦးက စစ်ဆေးနေစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကာကွယ်ဆေးများသည် COVID-19 Delta ဗီဇပြောင်းဗိုင်းရပ်စ်အား ကာကွယ်ရာတွင် အကျိုးသက်ရောက်မှုရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန်တိုက်တွန်းကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်း ကူးစက်ရောဂါဗေဒပညာရှင် Zhong Nanshan က ဇွန် ၂၅ ရက်တွင် ပြောသည်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်၏မြို့တော် ကွမ်ကျိုး၌ ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်လာခြင်းသည် ထိုနေရာတွင်နေထိုင်သူများအကြား ပျံ့နှံ့နေသော Delta ဗီဇပြောင်းဗိုင်းရပ်စ်ကို တရုတ်နိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် ရင်ဆိုင်ဖြေရှင်းခဲ့ရခြင်းဖြစ်ကြောင်း Zhong ကဆိုသည်။ ယင်းဗီဇပြောင်းဗိုင်းရပ်စ်ကို အိန္ဒိယနိုင်ငံ၌ ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းသည် ရောဂါအစပျိုးချိန်တိုတောင်းကြောင်းနှင့် ကူးစက်ခံရသူများသည် ပြန်လည်ကောင်းမွန်ရန် အချိန်ကြာမြင့်ကြောင်း သိရသည်။
ကွမ်းကျိုးမြို့၌ မေလမှစတင်၍ စုစုပေါင်း ၁၅၃ ဦး ကူးစက်ခံခဲ့ရပြီး ဇွန် ၁၉ ရက်မှ ၂၄ ရက်အထိ ဒေသတွင်းထပ်မံကူးစက်ခံရသူမရှိကြောင်းသိရသည်။

“လူထုကိုယ်ခံစွမ်းအား တည်ဆောက်နိုင်ရန် ပြည်သူတွေအနေနဲ့ ပိုပြီးကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်’’ ဟု Zhong က ပြောသည်။
ဇွန် ၂၄ ရက်အထိ တရုတ်ပြည်မကြီးတွင် ကာကွယ်ဆေး အလုံးရေ ၁.၁ ဘီလီယံကျော်အား ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)
Chinese vaccines effective against COVID-19 Delta variant: top epidemiologist
GUANGZHOU, June 25 (Xinhua) — China’s top epidemiologist Zhong Nanshan said on Friday that Chinese vaccines are effective against the COVID-19 Delta variant, and he urged more people to be vaccinated.
Zhong said the epidemic resurgence in Guangzhou, capital city of south China’s Guangdong Province, was the first time that China had to cope with the Delta variant spreading in communities. The variant, which was first identified in India, has a shorter incubation period and those who are infected take a longer time to recover.
A total of 153 cases were reported in Guangzhou starting in May, but no new local cases were reported from June 19 to 24.
“More people need to be vaccinated to establish herd immunity,” said Zhong.
As of Thursday, more than 1.1 billion doses of vaccines have been administered on the Chinese mainland. Enditem

Photo-A staff member checks the packaging quality of COVID-19 inactivated vaccine products at a packaging plant of the Beijing Biological Products Institute Co., Ltd. in Beijing, capital of China, Dec. 25, 2020. (Xinhua/Zhang Yuwei)