Connect with us

Asia

တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး ဒုတိယအသုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအသုတ် တင်ဆောင်လာသော လေယာဉ်နှစ်စင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့သို့ ၂၀၂၁ ခုနှစ် ဇွန် ၁၃ ရက်က ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေး ဒုတိယအသုတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇွန် ၁၃ ရက် ညနေပိုင်းက ရောက်ရှိလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရဌာနချင်း ပြည်သူ့ဆက်ဆံရေးဌာန(ISPR) က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ (ISPR) ဌာန၏ ကြေညာချက်တွင် တရုတ်နိုင်ငံပေကျင်းမြို့မှ ထွက်ခွာလာသော ဘင်္ဂလားဒေ့ရှ်လေတပ်(BAF) မှ ကာကွယ်ဆေးများတင်ဆောင်လာသည့် လေယာဉ်နှစ်စင်းသည် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ ဆိုက်ရောက်လာခဲ့ကြောင်း ဖော်ပြထားသည်။

ကာကွယ်ဆေး တင်ပို့မှုနှောင့်နှေးကြန့်ကြာခဲ့ခြင်းကြောင့် Oxford-AstraZeneca ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုအား ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုင်းငံ့လိုက်ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ ဆေးဝါးဆိုင်ရာ စည်းမျဉ်းစည်းကမ်းဌာနသည် တရုတ်နိုင်ငံ မှထုတ်လုပ်သော Sinopharm COVID-19 ကာကွယ်ဆေးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အရေးပေါ်အသုံးပြုရန် ပြီးခဲ့သော ဧပြီလတွင် ခွင့်ပြုချက် ပေးခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး A.K. Abdul Momen တို့ မေ ၂၁ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆေးနွေးခဲ့ပြီးနောက် အဆိုပါ ဒုတိယအသုတ်ကာကွယ်ဆေးများ ပေးအပ်လှူဒါန်းမှု ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ ပထမအကြိမ်လှူဒါန်းသော ကိုဗစ်ကာကွယ်ဆေးများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၁ ခုနှစ် မေ ၁၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
(Xinhua)

————————————
(English Version)
Second consignment of China-donated COVID-19 vaccines arrive in Bangladesh
DHAKA, June 14 (Xinhua) — The second batch of Sinopharm COVID-19 vaccines donated by the Chinese government arrived in Bangladesh on Sunday evening, the Inter Service Public Relations (ISPR) said here.
ISPR, a department under Bangladesh’s defense ministry, said in a statement that the two aircraft of Bangladesh Air Force (BAF) shipping the vaccines arrived in the Bangladeshi capital Dhaka at around 5:30 p.m. local time from Beijing.
Bangladesh’s drug regulator in April authorized the emergency use of Sinopharm COVID-19 vaccine in the Asian country after Dhaka suspended the first dosing of the Oxford-AstraZeneca vaccine on a supply crunch.
The donation of second consignment was made after Chinese State Councilor and Foreign Minister Wang Yi had a phone conversation with Bangladeshi Foreign Minister A.K. Abdul Momen on May 21. China’s first donation of vaccines arrived in Bangladesh on May 12.

Boxes containing COVID-19 vaccines donated by China are being unloaded after two aircraft transporting Sinopharm’s doses land in Dhaka, Bangladesh on June 13, 2021. (Xinhua)