Connect with us

China

တရုတ်နိုင်ငံရှိ ရေလွှမ်းမိုးခံရသော ပြည်နယ်များအတွက် ရန်ပုံငွေ ယွမ် သန်း ၈၀ လျာထားသတ်မှတ်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ဟဲကျင်းမြို့ လျန်ပေါကျေးရွာအနီး မြစ်ဝါမြစ်ကမ်းခြေ ရေလွှမ်းမိုးမှုဖြစ်ပွားနေသည်ကို အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန (MEM) က ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသော ဆန်းရှီးပြည်နယ်နှင့် ဆန်ရှီးပြည်နယ်များတွင် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်း ပံ့ပိုးရန် သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဗဟိုရန်ပုံငွေမှ ယွမ် သန်း ၈၀ (အမေရိကန်ဒေါ်လာ ၁၂.၄ သန်းခန့်) အား အောက်တိုဘာ ၁၁ ရက်က ခွဲဝေသတ်မှတ်ခဲ့ကြောင်း သိရသည်။

ဆန်းရှီးပြည်နယ်တွင် ရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် လူပေါင်း ၁၂၀,၀၀၀ ကျော်အား ယာယီရွှေ့ပြောင်းခဲ့ရကြောင်း ပြည်နယ်ဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင်များက အောက်တိုဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အမျိုးသားကော်မရှင်နှင့် MEM ပြည်နယ်နှစ်ခုအား ရေလွှမ်းမိုးမှု အရေးပေါ်တုံ့ပြန်ရေး အဆင့်-၄ အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့အစည်းနှစ်ရပ်က သဘာဝဘေးလျော့ပါးရေးလုပ်ငန်းနှင့်အတူ ဒေသခံအဖွဲ့များအား ကူညီရန် ရေလွှမ်းမိုးမှုဒဏ်ခံရသော ဒေသများသို့ လုပ်ငန်းအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ရေလွှမ်းမိုးထိန်းချုပ်ရေး အရေးပေါ်အခြေအနေတုံ့ပြန်ရေးစနစ် အဆင့် လေးခုသတ်မှတ်ထားပြီး အဆင့် ၁ မှာမူ အဆိုးဝါးဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
China allocates 80 mln yuan to flood-hit provinces
Source: Xinhua| 2021-10-11 20:50:15|Editor: huaxia
BEIJING, Oct. 11 (Xinhua) — China’s Ministry of Finance and Ministry of Emergency Management (MEM) on Monday earmarked 80 million yuan (about 12.4 million U.S. dollars) from the central natural-disaster relief fund to support relief work in the flood-hit provinces of Shanxi and Shaanxi.
More than 120,000 people were temporarily evacuated in Shanxi after continuous downpours triggered floods, the provincial department of emergency management authorities said Sunday.
The China National Commission for Disaster Reduction and MEM have activated a Level-IV emergency response to floods in the two provinces.
The two authorities have dispatched a working team to the affected areas to help the localities with disaster relief work.
China has a four-tier flood-control emergency response system, with Level I being the most severe. Enditem
Aerial photo taken on Oct. 10, 2021 shows the flood-affected Yellow River beach near Lianbo Village in Hejin City, north China’s Shanxi Province. (Xinhua/Zhan Yan)