Connect with us

China

တရုတ်နိုင်ငံသည် စွန်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုခြင်းအား မြှင့်တင်ရန်ဆောင်ရွက်

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ်၊ Jieshou စီရင်စု၊ Tianying နည်းပညာပန်းခြံ ၌ စွန့်ပစ်ဘတ္တရီများအား ပြန်လည်အသုံးပြုရန်စုပုံထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် အစိမ်းရောင် နှင့် ကာဗွန်လျှော့ချသော ဖွံ့ဖြိုးတိုးတက်မှုအားလွယ်ကူချောမွေ့စေရန် နိုင်ငံက ကြိုးပမ်းဆောင်ရွက်နေစဉ်အတွင်းမှာပင် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရာတွင် ၎င်း၏ လုပ်နိုင်စွမ်းကို မြှင့်တင်မည်ဖြစ်ကြောင်း စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်ချက်အရ သိရသည်။
၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် အစိမ်းရောင် အမျိုးအစားခွဲခြားခြင်း စင်တာပေါင်း ၁၀၀၀ ကျော်ဖြင့် အမှိုက်ပြန်လည်အသုံးပြုခြင်းအတွက် ကွန်ရက်တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်အပါအဝင် အစိုးရဌာန ခုနစ်ခု ပူးပေါင်းထုတ်ပြန်သည့် လမ်းညွှန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် တွင် မြို့ပေါင်း ၆၀ ခန့်တွင် အမှိုက်ပြန်လည်အသုံးပြုမှုစနစ် အပြည့်အဝ ပြီးမြောက်မည်ဖြစ်ကြောင်း သိရသည်။
သံနှင့်သံမဏိ၊ ကြေးနီ၊ အလူမီနီယမ်၊ ခဲ၊ သွပ်၊ စက္ကူ၊ ပလတ်စတစ်၊ ရော်ဘာနှင့် ဖန်အပါအဝင် အဓိကအရင်းအမြစ်ကိုးခုကို ပြန်လည်အသုံးပြုမှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် သန်း၄၅၀ အထိ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အစိုးရသည် အခွန်လျှော့ချခြင်း နှင့် ရန်ပုံထောက်ပံ့ခြင်း အပါအဝင် အမှိုက်ပြန်လည်အသုံးပြုခြင်းကို ပံ့ပိုးကူညီရန် မူဝါဒများ ချမှတ်သွားမည်ဖြစ်ကြောင်း လမ်းညွှန်ချက်အရ သိရသည်။
တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုလျှော့ချ ခြင်းအား အထွတ်အထိပ်သို့ ရောက်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး ၂၀၆၀ပြည့်နှစ်တွင် ကာဗွန်ကင်းစင်မှု စွမ်းဆောင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ကြေညာထားသည်။ (Xinhua)
—————————————
(English Version)
China to improve waste recycling
BEIJING, Jan. 25 (Xinhua) — China will improve its capacity in recycling waste materials amid the country’s efforts to facilitate green and low-carbon development, according to a guideline on recycling of waste materials.
By 2025, China will build a network for waste recycling with more than 1,000 green sorting centers, said the guideline jointly issued by seven government departments including the National Development and Reform Commission.
About 60 cities will have complete waste re-use systems by 2025.
The re-use of nine major resources will reach 450 million tonnes by 2025, including iron and steel, copper, aluminum, lead, zinc, paper, plastics, rubber and glass.
The government will map more policies to support waste re-use involving tax cuts and fund-raising, according to the guideline.
China has announced that it will strive to peak carbon dioxide emissions by 2030 and achieve carbon neutrality by 2060. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.