Connect with us

China

တရုတ်နိုင်ငံအရှေ့ပိုင်း၌ မြန်နှုန်းမြင့် ရထားလမ်းလိုင်းသစ် ဖွင့်လှစ်

တရုတ်နိုင်ငံ Heze မြို့ အရှေ့ဘက် ရထားဘူတာရုံ၌ မီးရထားဝန်ထမ်းများအား ဒီဇင်ဘာ ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကျိနန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ်၌ ဒီဇင်ဘာ ၂၆ ရက်တွင် မြန်နှုန်းမြှင့်ရထားလမ်းပိုင်းတစ်ပိုင်းအား စတင်လည်ပတ်ခဲ့ပြီး Heze မြို့အား တရုတ်နိုင်ငံ၏ မြန်နှုန်းမြှင့် ရထားလမ်းကွန်ရက်အတွင်းသို့ ထည့်သွင်းခဲ့ကြောင်း သိရသည်။

၁၉၉ ကီလိုမီတာ အရှည်ရှိ ရထားလမ်းပိုင်းအသစ်သည် Heze မြို့ Caoxian ကောင်တီရှိ Zhuangzhai မြို့နယ် နှင့် Qufu မြို့တို့ကို ဆက်သွယ်ထားကြောင်း China Railway Jinan Group ကုမ္ပဏီက ပြောကြားခဲ့သည်။

အမြန်ရထားသည် Heze မြို့မှ ဆန်းတုန်းပြည်နယ်၏ မြို့တော် ကျိနန်မြို့သို့ ကြာချိန် ၁ နာရီ ၂၃ မိနစ်အတွင်း ခရီးသည်များအား ပို့ဆောင်နိုင်ပြီး ပေကျင်းမြို့သို့ ၃ နာရီအောက်သာ ကြာမြင့်နိုင်ကြောင်း သိရသည်။

အဆိုပါရထားလိုင်းသစ်သည် ဆန်းတုန်းပြည်နယ်တောင်ဘက်ပိုင်း နှင့် တရုတ်နိုင်ငံအလယ်ပိုင်း မြေပြန့်လွင်ပြင်ဒေသ အကြား သယ်ယူပို့ဆောင်ရေး အပြန်အလှန်ချိတ်ဆက်မှုအား မြှင့်တင်ပေးမည် ဖြစ်ကြောင်း နှင့် လမ်းတစ်လျှောက်ရှိ ပြည်သူများခရီးသွားလာမှုကို များစွာအဆင်ပြေစေနိုင်မည် ဖြစ်သည်။ယင်းသည် ဒေသတွင်းစီးပွားရေး နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာတွင် ကြီးမားသည့် အရေးပါမှု ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

အသစ်ဖွင့်လှစ်လိုက်သည့်လမ်းပိုင်းသည် ဆန်းတုန်းပြည်နယ် Rizhao မြို့ နှင့် ဟဲနန်ပြည်နယ် Lankao မြို့တို့အကြား မြန်နှုန်းမြှင့်ရထားလမ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး တစ်နာရီလျှင် အမြန်နှုန်း ကီလိုမီတာ ၃၅၀ ပြေးဆွဲနိုင်ကြောင်း သိရသည်။ (Xinhua)

——————————–
(English Version)
New high-speed railway line opens in east China
JINAN, Dec. 26 (Xinhua) — A new high-speed railway section went operational on Sunday in east China’s Shandong Province, bringing the city of Heze into the country’s high-speed rail network.
The 199-km new rail section connects the city of Qufu and Zhuangzhai Township, Heze’s Caoxian County, said the China Railway Jinan Group Co., Ltd.
The fastest train takes passengers only one hour and 23 minutes from Heze to the provincial capital Jinan and less than three hours to Beijing.
The new line will enhance the transport interconnectivity between the southern part of Shandong and the plain area in central China and greatly facilitate the travel of people along the route. It is of massive significance to promoting regional economic and social development, said the company.
The newly opened section is part of the high-speed railway between Shandong’s Rizhao City and Lankao, Henan Province, with a designed train speed of 350 km per hour. ■
Photo – Railway workers pose for a photo in front of a train at the Heze east railway station, Dec. 26, 2021. (Xinhua/Guo Xulei)