Connect with us

Media

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ကမ္ဘာ့အမြင့်ဆုံးလျှပ်စစ်ဓါတ်အားပေးတာဝါတိုင်များ တည်ဆောက်ပြီးစီး

ကျန်းဆူး၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အမြင့် ၃၈၅ မီတာရှိ ပြီးတစ်ခုနှင့်တစ်ခု အကွာအဝေး ၂,၅၅၀ မီတာရှိသည့် ကမ္ဘာ့အမြင့်ဆုံးလျှပ်စစ်ဓါတ်အားပေးတာဝါတိုင်တစ်စုံကို တရုတ်နိုင်ငံအရှေ့ပိုင်းတွင် မကြာသေးမီက တည်ဆောက် ပြီးစီးခဲ့ပြီဖြစ်ရာ ၎င်းမှာ ယန်ဇီမြစ်အားဖြတ်ကာ လေစွမ်းအင်နှင့် နေစွမ်းအင်များကို သယ်ဆောင်ဖြန့်ဖြူးရန်အဆင်သင့်ဖြစ်နေပြီဟုသိရသည်။

အဆိုပါ တာဝါတိုင်ကြီးများသည် Fengcheng-Meili ၅၀၀ ကီလိုဗို့ လျှပ်စစ်ဓါတ်အားပေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

စီမံကိန်း၏ အင်ဂျင်နီယာချုပ်ဖြစ်သူ Xiao Changsheng က ” ယန်ဇီမြစ်ကိုဖြတ်ပြီးလုပ်ရတဲ့စီမံကိန်း တည်ဆောက်ရေးဟာ ကျန်းဆူးရှိ ပါဝါစနစ်သစ်တစ်ခုရဲ့ အလွန်အရေးပါတဲ့ စီမံကိန်းဖြစ်ပါတယ် ၊

အဲဒီစီမံကိန်းကို မြောက်ဘက်ကမ်းကနေ တောင်ဘက်ကမ်းကို နေစွမ်းအင်နဲ့လေစွမ်းအင်အပါအဝင်  စွမ်းအင်သစ်တွေသယ်ယူဖို့ ဒီဇိုင်း ထုတ်လုပ်ထားခဲ့တာပါ ။

အဲဒီမှာ ရှိပြီးသား အလွန်ဗို့အားမြင့်မားတဲ့ပါဝင်လိုင်းတွေနဲ့ချိတ်ဆက်မှာဖြစ်ပြီး တောင်ဘက်ကမ်းဒေသ စိမ်းလန်းတဲ့ဖွံ့ဖြိုးတိုးတက်မှုအဆင့်မြှင့်တင်ဖို့ဆက်လက်လုပ်ဆောင်သွားမှာပါ ” ဟု ဆိုသည်။

တာဝါတိုင်များ၏ အမြင့်အပြင် အဆိုပါစီမံကိန်းသည် စုစုပေါင်းအလေးချိန်နှင့် အောက်ခြေ အနက်တို့အပါအဝင် အခြားသောကမ္ဘာ့စံချိန်များစွာကိုတင်နိုင်ခဲ့သည်။

တာဝါတိုင်ကြီး နှစ်ခု၏အလေးချိန်များမှာ ၁၃,၀၀၀ တန်ရှိပြီး အောက်ခြေရှိ မူလီတစ်ခု၏ အလေးချိန်မှာ တန် ၄၀ ခန့်ရှိရာ ၎င်းမှာ ခရီးသည်တင်ကား အစီး ၂၀ နှင့်အလေးချိန်ညီမျှသည်။

စီမံကိန်း၏ အင်ဂျင်နီယာချုပ်ဖြစ်သူ Xiao Changsheng က “အခုဆိုရင် တာဝါတိုင်တွေတည်ဆောက်ပြီးစီးလို့ နောက်တစ်ဆင့်ကတော့ ကေဘယ်လ်ကြိုးတွေတပ်ဆင်ဖို့ပါ

တည်ဆောက်ရေးလုပ်ငန်းကို ဒီနှစ်ဇွန်လမှာအပြီးသတ်ဖို့လျာထားပါတယ်” ဟုဆိုသည်။

အဆိုပါ တာဝါတိုင်များပြီးစီးပါက အိမ်ထောင်စုပေါင်း ၈သန်းအတွက် နေ့စဉ်လိုအပ်သည့်လျှပ်စစ်ပမာဏများအားဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

……………………………

(English Version)

GLOBALink | World’s tallest power pylons completed in E China

Standing at 385m, a pair of the world’s tallest power pylons have recently been completed in east China, ready to carry wind and solar power across the Yangtze River.

 

Produced by Xinhua Global Service■