Connect with us

China

တရုတ်နိုင်ငံအား ထိန်းချုပ်ရန် ရှင်းကျန်းအား အသုံးချရေး အမေရိကန်နိုင်ငံ၏ ကြိုးပမ်းမှုမှာ ဘယ်သောအခါမှ အောင်မြင်မည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းအား တွေ့ရစဉ် (ဓာတ်ပုံ- fmprc.gov.cn)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအား ဖိနှိပ်ရာမှာ ဆောက်တည်ရာမရအခြေအနေတွင် ရောက်ရှိနေကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံအား ထိန်းချုပ်ရန် ရှင်းကျန်းဒေသအား အသုံးချရန်ကြိုးပမ်းမှုသည် ဘယ်သောအခါမျှ အောင်မြင်မည်မဟုတ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲချက်လျက် အမေရိကန်နိုင်ငံက တရုတ် စီးပွားရေးလုပ်ငန်းများစွာအပေါ် လတ်တလောစီးပွားရေးပိတ်ဆို့မှုများနှင့် ရှင်းကျန်းမှ သွင်းကုန်များအား တားမြစ်ခြင်း ဥပဒေအား အမေရိကန် အထက်လွှတ်တော်မှ အတည်ပြုခြင်းနှင့် ဆက်စပ်သော မေးခွန်းများအား ဖြေကြားရာ၌ ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံသည် အကြောင်းပြချက်ပေါင်းများစွာအောက်တွင် နိုင်ငံလုံခြုံရေးအယူအဆအား ဝန်အားမမျှအောင်ထမ်းဆောင်နေကာ ပို့ကုန်ထိန်းချုပ်ရေးအစီအမံများ အလွဲသုံးစားပြုလျက် တရုတ်အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများအား သက်သက်မဲ့ဖိနှိပ်နေခြင်းဖြစ်ကြောင်း ဝမ်းက ဆိုသည်။

“အမေရိကန်က ဆောက်တည်ရာမရအခြေအနေဖြစ်နေပြီး ဒီလိုလုပ်လို့လည်း ဘာမှလည်းအကျိုးထူးမှာမဟုတ်ဘူး” ဟု ဝမ်းက ပြောခဲ့သည်။ ”

အမေရိကန်၏ ဆောင်ရွက်ချက်သည် ဈေးကွက်စီးပွားရေးနှင့် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်းများ ဆိုးဝါးစွာ လျော့ပါးစေပြီး တရုတ် အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ၏ အကျိုးစီးပွားများကို ထိခိုက်စေကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“တရုတ်နိုင်ငံအနေနဲ့ ဒါကို ကန့်ကွက်ရှုတ်ချပြီး ပယ်ချပါတယ်” ဟု ဝမ်းက ပြောခဲ့သည်။

“အမေရိကန်အနေနဲ့ ဒီအမှားကို ချက်ချင်းအမှန်ပြင်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ တရုတ်နိုင်ငံက တရုတ်အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို အပြည့်အဝစောင့်ထိန်းဖို့ လိုအပ်တဲ့ ဆောင်ရွက်ချက်တွေအားလုံးကို လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

U.S. attempt to use Xinjiang to contain China will never succeed: spokesperson
Source: Xinhua| 2021-12-17 21:48:19|Editor: huaxia
BEIJING, Dec. 17 (Xinhua) — The United States has reached a point of hysteria in suppressing Chinese institutions and enterprises but its attempt to use Xinjiang to contain China will never succeed, a Chinese foreign ministry spokesperson said Friday.
Spokesperson Wang Wenbin made the remarks when answering a query concerning the recent U.S. sanctions against several Chinese firms over alleged human rights violations and the passing of a bill by U.S. Senate banning imports from Xinjiang.
Wang said the U.S. has wantonly suppressed Chinese institutions and enterprises by overstretching the concept of national security and abusing export control measures under various excuses.
“The U.S. has reached a point of hysteria and would not stop at nothing to do so,” Wang said.
U.S. actions have seriously undermined the principles of the market economy and international economic and trade rules, and harmed the interests of Chinese institutions and enterprises, the spokesperson said.
“China deplores and rejects this,” Wang said.
“We urge the U.S. side to immediately correct its mistake. China will take all necessary measures to resolutely safeguard the legitimate rights and interests of Chinese institutions and companies,” he added. Enditem
Photo : Chinese foreign ministry spokesperson Wang Wenbin (Photo source: fmprc.gov.cn)