Connect with us

China

တရုတ်နိုင်ငံ၌ ဘဏ်ကတ် စုစုပေါင်း ၈ ဒသမ ၉၈ ဘီလီယံ ထုတ်ဝေထား

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ် Tongchuan မြို့ Yijun ကောင်တီ၌ ၂၀၁၉ ခုနှစ် ဧပြီလတွင် စိုက်ပျိုးရေးဘဏ်က ထုတ်ဝေသည့် debit ကတ်အား ပြသနေသော လယ်သမားတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အကုန်အထိ ဘဏ်ကတ် စုစုပေါင်း ၈ ဒသမ ၉၈ ဘီလီယံ ထုတ်ဝေထားကြောင်း စက္ကူပြာစာတမ်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ဘဏ်ကတ်များမှတစ်ဆင့် ငွေသွင်း ၊ ငွေထုတ် ပမာဏ ယွမ် ၇၉၂ ဒသမ ၈ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၂၄ ထရီလီယံ) ပြုလုပ်ခဲ့ပြီး ယခင်နှစ်ကထက် ၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ ဘဏ်လုပ်ငန်းအသင်းက ထုတ်ပြန်သည့် စက္ကူပြာစာတမ်းအရ သိရသည်။

၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၌ ဘဏ်ကတ် စုစုပေါင်း သန်း ၄၅၀ အား အသစ်ထုတ်ဝေခဲ့ပြီး ယခင်နှစ်ကထက် ၅ ဒသမ ၃ ရာခိုင်နှုန်း မြှင့်တက်ခဲ့ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်အကုန်အထိ credit ကတ်၏ လက်ကျန်ငွေသည် စုစုပေါင်း ယွမ် ၇ ဒသမ ၉၁ ထရီလီယံ ရှိပြီး ယခင်နှစ်ကထက် ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း စာတမ်းတွင် ဖော်ပြထားသည်။ (Xinhua)

————————————
(English Version)
China issues 8.98 bln bank cards in total
BEIJING, Oct. 17 (Xinhua) — China had issued a total of 8.98 billion bank cards by the end of 2020, according to a blue paper.
Transactions worth 792.8 trillion yuan (123.24 trillion U.S. dollars) were made through bank cards last year, down 3.6 percent year on year, said the blue paper released by the China Banking Association.
In 2020, a total of 450 million bank cards were newly issued in China, up 5.3 percent from the previous year, the paper said.
By the end of last year, the outstanding balance of bank card credit totaled 7.91 trillion yuan, an increase of 4.2 percent over the previous year, the paper showed. Enditem
Photo – A farmer displays a rural revitalization-themed debit card issued by Agricultural Bank of China in Yijun County of Tongchuan, northwest China’s Shaanxi Province, April 29, 2019. (Xinhua/Liu Xiao)