Connect with us

Media

တရုတ်နိုင်ငံ၏ပထမဆုံး အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများဖြင့် မြေအောက်ရထားဘူတာတည်ဆောက်

ကျိနန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းဆန်းတုန်းပြည်နယ်ချင်းသောင်မြို့တွင် တရုတ်နိုင်ငံ၏ပထမဆုံး အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများဖြင့် ဆောက်လုပ်မည့်မြေအောက်ရထားဘူတာ ကိုအောက်တိုဘာ ၂၉ ရက်တွင်တပ်ဆင်ခဲ့သည်။

ဘူတာ၏ အဓိက ကိုယ်ထည်ပိုင်း ၊ယက်မများ၊အုပ်ညှပ်များနှင့် ထောက်တိုင်များ အားလုံးကို အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများထုတ်လုပ်ကာတည်ဆောက်သည့်နည်းပညာဖြင့်ဆောက်လုပ်ခြင်းဖြစ်ရာ

အချိန်ကုန်သက်သာစေပြီး လုပ်သားအင်အားနှင့်ဆောက်လုပ်ရေးသုံးကိရိယာများကိုချွေတာနိုင်ခဲ့သည်။

ချင်းသောင် မြေအောက်ရထားလမ်းအမှတ် ၆ မှ ဥက္ကဌနှင့်အထွေထွေမန်နေဂျာဖြစ်သူ  Liu Quanwei က “သမားရိုးကျဆောက်လုပ်ရေးနည်းစနစ်များနှင့်နှိုင်းယှဉ်ပါက နည်းပညာသစ်ကိုသုံးပြီးဆောက်လုပ်တာဖြစ်လို့

ကျွ န်တော်တို့အတွက် အချိန် ၄လကနေ ၆ လခန့်အထိ သက်သာစေခဲ့ပြီး လုပ်သားအင်အား ၈၀ ရာခိုင်နှုန်းကျော်လျှော့ချနိုင်ခဲ့ပါတယ်။ စွမ်းအင်သုံးစွဲမှုနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအပိုင်းကကြည့်မယ်ဆိုရင်လည်း ကျွန်တော်တို့ဟာ သံမဏိတန်ချိန်ပေါင်း ၈၀၀ တန်နှင့် ၁၀ မီတာအမြင့်ရှိတဲ့ သစ်ပင်ပေါင်း ၈၀၀ ပင်နှင့်ညီမျှတဲ့ သစ်သား ကုဗမီတာပေါင်း ၈၀၀ ကျော်ကိုသက်သာစေခဲ့ပါတယ်။ ဒါ့အပြင်ကျွန်တော်တို့ဟာ  ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်း ၆၀ ရာခိုင်နှုန်းကိုလျှော့ချပေးနိုင်ခဲ့ပါတယ်” ဟုပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

………………….

(English Version)

Assembly of China’s 1st pre-fabricated subway station starts

JI’NAN, Oct. 30 (Xinhua) — Assembly of China’s first pre-fabricated subway station started Friday in east China’s Qingdao. The technology shortens construction time and saves labor and building materials.