Connect with us

Media

တရုတ်နိုင်ငံ၏ပံ့ပိုးမှုဖြင့် ပါကစ္စတန်နိုင်ငံဂွါဒါဒေသတွင် သက်မွေးပညာသင်တန်းကျောင်း တည်ဆောက်မှုပြီးစီး

အစ္စလမ်မာဘတ်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘယ်လူချီစတန်ပြည်နယ် ဂွါဒါဒေသတွင် ပြီးခဲ့သည့်သောကြာနေ့က တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုဖြင့်တည်ဆောက်သည့် သက်မွေးပညာသင်ကျောင်း တည်ဆောက်ပြီးစီးခြင်း အခမ်းအနားကျင်းပခဲ့သည်။
တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC)အောက်တွင် ပြည်သူများပိုမိုကောင်းမွန်စွာနေထိုင်ရေး၏အရေးကြီးသည့်စီမံကိန်းတစ်ခုဖြစ်သော ဂွါဒါစက်မှုလက်မှုနှင့်သက်မွေးမှုပညာသင်တန်းကျောင်းကို တရုတ်နိုင်ငံ China Harbor Engineering Company မှတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဂွါဒါဒေသခံများ၏ အရေးပေါ်လိုအပ်ချက်များနှင့်ကိုက်ညီစေရန်နှင့် ဒေသတွင်းရေရှည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန်ရည်ရွယ်ကြောင်းသိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဂွါဒါဆိပ်ကမ်းအာဏာပိုင် ဥက္ကဌ Naseer Khan Kashani က ယခုစီမံကိန်းကို ထောက်ပံ့ငွေကြေး ပေးအပ်ခဲ့သည့်တရုတ်နိုင်ငံအားကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် COVID-19 ကပ်ရောဂါ ကြောင့်ထိခိုက်နစ်နာမှုများရှိသည့်ကြားမှ သင်တန်းကျောင်းတည်ဆောက်ရေးအား စီမံထားသည့်အတိုင်းပြီးစီးအောင်ဆောင်ရွက်ပေးခဲ့ကြသည့်တရုတ်အင်ဂျင်နီယာများနှင့်လုပ်သားများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။
(CPEC) အောက်တွင်ပါကစ္စတန်နိုင်ငံအနေဖြင့် စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အဦစီမံကိန်းများမှ များစွာအကျိုးဖြစ်ထွန်းခဲ့ပါကြောင်း စီးပွားရေးစင်္ကြံ၏ လူမှုစီးပွားစီမံကိန်းများသည် အာရှတောင်ပိုင်းနိုင်ငံတစ်နိုင်ငံအဖို့ အလွန်ပင်အရေးကြီးလှပါကြောင်းKashani က ဆက်လက်ပြောကြားခဲ့သည်။
Kashani က ” ကျွန်တော်ဒီနေရာကနေ တရုတ်နိုင်ငံမှ ညီအစ်ကိုတို့ကိုလှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်။ သူတို့ရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေကြောင့်ပါ၊ ကျွန်တော်တို့ ဒီဇိုင်းထုတ်လုပ်တဲ့အပိုင်းမှာတင်ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာမဟုတ်ပါဘူး၊ အစီအစဉ်ချမှတ်ရေးဆွဲရေးအပိုင်းမှာလည်းပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်၊ ကျွန်တော်ထင်တာကတော့ဒါဟာတမူထူးခြားမှုကိုဖော်ဆောင်ပါတယ်၊ ဒီတော့ကျွန်တော်လည်းအချိန်တစ်နာရီ ခွဲလောက်ပေးပြီး အခန်းတစ်ခုချင်းဆီကိုလိုက်လံကြည့်ရှုဖြစ်ပါတယ်၊ အဲဒီမှာကျွန်တော် တည်ဆောက်ပြီးစီးမှုတွေကိုကြည့်ပြီးတော့ သိပ်ကို သဘောကျနှစ်ခြိုက်ခဲ့ပါတယ်။ လူမှုစီးပွားအထောက်အကူရရှိခြင်းဟာ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံရဲ့ ဗဟိုချက်လည်းဖြစ်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ ကို ယေဘူယျအားဖြင့် နားလည်ကြတာက အခြေခံအဆောက်အဦတွေ၊ လမ်းတွေနဲ့အခြားအရေးကြီးတဲ့စီမံကိန်းတွေပဲလို့ထင်ကြပါတယ် တကယ်တော့ ပြည်သူတွေအတွက်သင်တန်းတွေ အရည်အသွေးတွေကိုမျှဝေမှုဖွံ့ဖြိုးတိုးတက်စေခြင်းလည်းပါဝင်ပါတယ်၊ ဒါဟာ နိုင်ငံတခုဖွံ့ဖြိုးတိုးတက်ရေးမှာအင်မတန်ကိုမှ အရေးကြီးပါတယ်” ဟုဆိုသည်။
ရုပ်သံဖြင့်ပြောကြားခဲ့သည့်အမှာစကားထဲတွင် ပါကစ္စတန်နိုင်ငံတရုတ်နိုင်ငံ သံအမတ်ကြီး Nong Rong က ယခုတည်ဆောက်ပြီးစီးသည့်သက်မွေးမှုကျောင်းစီမံကိန်းသည် CPEC ၏ ကြီးမားသော မှတ်တိုင်တစ်ခုအဖြစ်သတ်မှတ်နိုင်ကြောင်းနှင့် ဂွါဒါဒေသခံများအနေဖြင့်လွန်စွာ မျှော်လင့်စောင့်စားနေခဲ့ရသည့်ကျောင်းလည်းဖြစ်ကြောင်းဆိုသည်။
သံအမတ်ကြီး Nong Rong က “တည်ဆောက်ရေးအတွင်း စီမံကိန်းကနေ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ပေါင်း ၁,၀၀၀ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါတယ်၊ ကျောင်းဆောက်လုပ်ပြီးစီးပါက တစ်ကြိမ်မှာကျောင်းသား၃၆၀ ဦးကို နေရာထိုင်ခင်းစီစဉ်ပေးပြီး နှစ်စဉ်အနည်းဆုံးလူပေါင်း၁,၀၀၀ ကို သင်တန်းအခွင့်အလမ်းတွေကိုဆောင်ကြဉ်းပေးနိုင်မှာပါ ” ဟုဆိုသည်။
ဂွါဒါစက်မှုလက်မှုနှင့်သက်မွေးမှုပညာသင်တန်းကျောင်း တွင် သင်ကြားရေးနှင့်လေ့ကျင့်ရေးအထောက်အကူပစ္စည်းများနှင့်အဆောင်များပါဝင်သည်။ ကျောင်းဆောက်လုပ်ရေးစီမံကိန်းကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင်စတင်ခဲ့ကြောင်းသိရသည်။ (Xinhua)
————————————
(English Version)
GLOBALink | Construction of China-aided vocational training institute completed in Pakistan’s Gwadar
ISLAMABAD, Oct. 4 (Xinhua) — The completion ceremony of a China-donated vocational training institute was held on Friday in Gwadar of Pakistan’s southwest Balochistan province.
As an important project for public well-being under the China-Pakistan Economic Corridor (CPEC), the Gwadar Technical and Vocational Institute was constructed by the China Harbor Engineering Company, to meet the urgent need of the locals in Gwadar and promote the sustainable development of the area.
Addressing the ceremony, Chairman of the Gwadar Port Authority Naseer Khan Kashani expressed his gratitude to China for the grant of the project and to the Chinese engineers and workers who have completed this institute ahead of schedule despite the impact of the COVID-19 pandemic.
Kashani said that Pakistan has benefited a lot from the energy and transport infrastructure projects under CPEC, while the socio-economic projects of the Corridor are also very important for the South Asian country.
In a video message, Chinese Ambassador to Pakistan Nong Rong said the completion of the institute marks a great milestone of CPEC, and is also a long-expected event for the Gwadar people.
The technical and vocational institute has facilities for teaching and training and dormitories. The construction of the project started in January 2020.
Produced by Xinhua Global Service