Connect with us

CHINA

တရုတ်နိုင်ငံ၏ ကပ်ရောဂါတုန့်ပြန်မှုနည်းဗျူဟာများက အိုမီခရွန်အတွက် ထိရောက်မှု ရှိနေဆဲ ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များ ပြောကြား

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရောဂါစစ်ဆေးသည့်နေရာတစ်ခု၌ ဒေသခံတစ်ဦးအား ကျန်းမာရေးဆိုင်ရာအချက်အလက်များ တင်ပြရန် ကူညီပေးနေသည့် ဝန်ထမ်းတစ်ဦးအား နိုဝင်ဘာ ၂၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ပြည်တွင်း၌ ပြန်လည်ဖြစ်ပွားမှု နှင့် ပြည်ပမှ ဝင်ရောက်သူများအား ကာကွယ်တားဆီးရာတွင် တရုတ်နိုင်ငံ၏ နည်းဗျူဟာများသည် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအတွက် ထိရောက်မှု ရှိနေဆဲဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာသည် မျိုးဗီဇကွဲအသစ်အား အဓိကထားသည့် အထူး nucleic acid စစ်ဆေးသည့် နည်းစနစ်အား အခြေပြုဆောင်ရွက်ခဲ့ပြီး ဖြစ်နိုင်ခြေရှိသော ပြည်ပမှ ဝင်ရောက်ကူးစက်မှုများ မျိုးဗီဇအစီအစဉ်အား ဆက်လက်စောင့်ကြည့်နေကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က နိုဝင်ဘာ ၂၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မျိုးဗီဇကွဲအသစ်ဖြင့် ရင်ဆိုင်ကြုံတွေ့ရာတွင် ကာကွယ်ဆေး အလုံးစုံ ထိုးနှံပြီးစီးသူများ အပါအဝင် ပြည်သူများအနေဖြင့် သွားလာလှုပ်ရှားနေစဉ်အတွင်း နှင့် အများပြည်သူနှင့်ဆိုင်သည့် နေရာများတွင် နှာခေါင်းစည်းများ တပ်ဆင်ကြရန် နှင့် ကျန်းမာရေးကို ကိုယ်တိုင်ဂရုပြုစောင့်ကြည့်ခြင်းများ ပြုလုပ်ရန် နှင့် မလိုအပ်သည့် ပြည်တွင်း ၊ ပြည်ပ ခရီးသွားလာမှုများအား လျှော့ချရန် ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းထားကြောင်းလည်း သိရသည်။ (Xinhua)

…………………………………………
(English Version)
China’s pandemic response tactics still effective for Omicron: experts
BEIJING, Nov. 29 (Xinhua) — China’s tactics for preventing COVID-19 case import and domestic resurgence of COVID-19 remain effective for the Omicron variant of the virus, medical experts said on Monday.
The Chinese Center for Disease Control and Prevention has established a special nucleic acid testing method targeting the new variant and continues to monitor the genome sequence of potential imported infections, they told a press conference held by the National Health Commission on Monday.
Faced with the new variant, experts also called on members of the public, including those who are fully vaccinated, to wear face masks in public venues and during transit, implement self-monitoring of their health, and reduce non-essential inbound and outbound travel. Enditem
Photo – A staff member helps a resident to present personal health information at a testing site in Manzhouli, north China’s Inner Mongolia Autonomous Region, Nov. 29, 2021. (Xinhua/Li Zhipeng)