Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးပေါကြွယ်ဝသော ဆန်းရှီးပြည်နယ်က သစ်လွင်၍ သန့်စင်သောစွမ်းအင်ဖြင့် လျှပ်စစ် သုံးပုံတစ်ပုံရရှိနိုင်ရန် ရည်ရွယ်ထား

ထိုက်ယွမ်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးအဓိကထုတ်လုပ်သော ဒေသဖြစ်သည့် ဆန်းရှီးပြည်နယ်၌ တပ်ဆင်ထားသည့် သစ်လွင်၍ သန့်စင်သောစွမ်းအင် စွမ်းဆောင်မှုသည် စုစုပေါင်း၏ ထက်ဝက်ရောက်ရှိရန်နှင့် ၂၀၂၅ ခုနှစ်မတိုင်မီ ပြည်နယ်၏ လျှပ်စစ်ရရှိမှု၏ သုံးပုံတစ်ပုံရှိရန် ကြိုးပမ်းလျက်ရှိကြောင်း ဒေသခံအာဏာပိုင်များက အောက်တိုဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။အဆိုပါ ပန်းတိုင်အား တရုတ်ကွန်မြူနစ်ပါတီ (CPC) ဆန်းရှီးပြည်နယ်ကော်မတီ အတွင်းရေးမှူး လင်းဝူက ပြည်နယ်ပါတီကွန်ဂရက်၌ ကြေညာခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့်ငါးနှစ်တာအတွင်း ဆန်းရှီးပြည်နယ်သည် နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်ကဲ့သို့သော သန့်စင်၍ သစ်လွင်သောစွမ်းအင် ဖော်ထုတ်မှုကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသလို စွမ်းအင်ထောက်ပံ့မှုအဆောက်အအုံ၏ ဂေဟစနစ်နှင့် ကိုက်ညီစွာ ကူးပြောင်းမှု ရှေ့ဆက်ဆောင်ရွက်လျက်ရှိသည်။ ၁၃ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၁၆-၂၀၂၀) အတွင်း ပြည်နယ်အတွင်း တပ်ဆင်ထားသော လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်များ နှစ်စဉ်တိုးတက်မှုနှုန်းသည် ၂၄ ရာခိုင်နှုန်းနှင့် ၆၃ ရာခိုင်နှုန်းခန့် အသီးသီး ရောက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်မကုန်မီ သစ်လွင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုစွမ်းအင် တပ်ဆင်ထားခြင်းသည် ကီလိုဝပ် ၃၅.၇ သန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ပြည်နယ်ရှိ စွမ်းအင်စုစုပေါင်း၏ ၃၄.၃၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)

China’s coal-rich Shanxi aims to have one-third electricity powered by new, clean energy
2021-10-28 14:32:04
TAIYUAN, Oct. 28 (Xinhua) — China’s Shanxi Province, the country’s major coal-producing region, strives to see the installed capacity of new and clean energy reach half of its total and have one-third of its electricity generated by new and clean energy by 2025, local authorities said on Thursday.
The goal was announced by Lin Wu, secretary of the Communist Party of China (CPC) Shanxi Provincial Committee during a provincial Party congress.
Over the past five years, Shanxi had accelerated the development of clean and new energy such as photovoltaic and wind power and pushed forward the eco-friendly transition of its energy supply structure. During the 13th Five-year Plan period (2016-2020), its annual average growth rate of installed wind and photovoltaic power reached about 24 percent and 63 percent respectively.
By the end of 2020, the installed capacity of new and renewable energy power generation reached 35.7 million kW, accounting for 34.38 percent of the province’s total. Enditem
Aerial photo taken on Aug. 3, 2021 shows a photovoltaic power station in Tujing Village, Yunzhou District of Datong City, north China’s Shanxi Province. The photovoltaic power station, built upon 1,851 mu (123.4 hectares) of saline-alkaline land, generates over 80 million KWH of power per year. (Xinhua/Cao Yang)