Connect with us

China

တရုတ်နိုင်ငံ၏ ထျန်းကျင်းဆိပ်ကမ်းတွင် ကာဗွန်ကင်းစင်ဆိပ်ကမ်း ဖွင့်လှစ်

ထျန်းကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းတွင် ကာဗွန်ကင်းစင်ခြင်းနှင့်အတူ ခေတ်မီ ကုန်သေတ္တာတင်ဆိပ်ကမ်းသည် အောက်တိုဘာ ၁၇ ရက်၌ စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်းအား ၂၁ လကြာ တည်ဆောက်ခဲ့သည်။

ယင်းဆိပ်ကမ်းသည် ကမ္ဘာ့ပထမဆုံး “ခေတ်မီ” ၍ “ကာဗွန်ကင်းစင်” သော ဆိပ်ကမ်းဖြစ်ကာ ကမ္ဘာပေါ်ရှိ အသိဉာဏ်အဆင့်မြှင့်ထားပြီး ကာဗွန်လျှော့ချမှု တိုးမြှင့်ထားသော ဆိပ်ကမ်းများအားလုံး၏ ဥပမာတစ်ခုလည်း ဖြစ်ကြောင်း ထျန်းကျင်းဆိပ်ကမ်း (အုပ်စု) ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ Chu Bin က ပြောကြားခဲ့သည်။

ယင်းဆိပ်ကမ်းတွင် “အသိဉာဏ်ဦးနှောက်” ထည့်သွင်းထားကြောင်း၊ ဉာဏ်ရည်တုနည်းပညာ (AI technology) အခြေခံထားသော ဦးနှောက်သည် အကောင်းဆုံး ကုန်တင်ခြင်းနှင့် ကုန်ချခြင်း အစီအစဉ်များနှင့် ကိရိယာတစ်ခုချင်းစီ ထိန်းချုပ်ရေးကို အလိုအလျောက်လုပ်ဆောင်နိုင်ကြောင်း၊ ပုံမှန်ဆိပ်ကမ်းလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ထိရောက်မှု ၂၀ ရာခိုင်နှုန်းပိုမိုကာ ဦးဆောင်နိုင်ကြောင်း သိရသည်။

၎င်းဆိပ်ကမ်းတွင် လေဆာရေဒါများ၊ ကင်မရာများနှင့် မီလီမီတာလှိုင်းရေဒါများကဲ့သို့သော များပြားလှသည့် အာရုံခံစနစ်များ တပ်ဆင်ထားသော အသိဉာဏ်ရှိ ပြင်ညီသယ်ယူပို့ဆောင်ရေး စက်ရုပ်များကိုလည်း အသုံးပြုထားသည်။ BeiDou တည်နေရာပြဂြိုဟ်တုစနစ်ဖြင့်အခြေစိုက်စခန်းအား အဆိုပါ ဆိပ်ကမ်းတွင် ထည့်သွင်းထားပြီး 5G နည်းပညာအကူအညီဖြင့် ရွေ့လျားနေသော တည်နေရာကို တိတိကျကျရရှိနိုင်ကြောင်း သိရသည်။

ဇီဝလောင်စာနှင့် လည်ပတ်ခြင်းဖြင့် ဆိပ်ကမ်းသည် လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်အပေါ်၌သာ အမှီပြုထားခြင်းဖြစ်သည်။ ဆိပ်ကမ်း၏ စွမ်းအင်အသုံးပြုခြင်းသည် ပုံမှန်အလိုအလျောက်လည်ပတ်သော ဆိပ်ကမ်းများနှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်း လျော့ချပေးနိုင်ကြောင်း သိရသည်။

ခေတ်မီ-ကာဗွန်ကင်းစင်ဆိပ်ကမ်းသည် တစ်နှစ်လျှင် twenty-foot equivalent unit (TEU) ၂.၅ သန်း လက်ခံနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ (Xinhua)

————————————
(English Version)
Zero-carbon terminal opens at China’s Tianjin Port
Source: Xinhua| 2021-10-17 20:20:18|Editor: huaxia
TIANJIN, Oct. 17 (Xinhua) — A smart container terminal with zero carbon emissions started operations Sunday in north China’s Tianjin Port.
The terminal was built in 21 months.
It is the world’s first “smart” and “zero-carbon” terminal — an example for the intelligent upgrade and low-carbon development of ports all over the world, said Chu Bin, chairman of the board of the Tianjin Port (Group) Co., Ltd.
The terminal has an “intelligent brain.” Based on AI technology, the brain can automatically give the best loading and unloading plans and control each equipment, leading to 20 percent higher efficiency compared to traditional terminals.
The terminal has also used intelligent horizontal transportation robots equipped with various sensors such as laser radars, cameras and millimeter-wave radars. A base station with the BeiDou Navigation Satellite System was established at the terminal, which can achieve dynamic high-precision positioning with the help of 5G technology.
Doing away with fossil energy, the terminal only relies on wind power and photoelectricity. Its energy consumption can be reduced by over 17 percent compared with traditional automated terminals.
The smart zero-carbon terminal has a designed annual throughput of 2.5 million twenty-foot equivalent unit (TEU) containers. ■