Connect with us

Economy

တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထွက်ရှိမှု ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်

ပေကျင်း ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ယခုနှစ်ပထမ ၁၁ လအတွင်း သဘာဝဓာတ်ငွေ့ထွက်ရှိမှုမှာ အရှိန်အဟုန်မြင့်တက်လာသည်ကို တွေ့မြင်ရကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ထွက်ရှိမှုသည် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကာလအတွင်း စုစုပေါင်း ကုဗမီတာ ၁၈၆ ဘီလီယံရှိခဲ့ပြီး ပြီးခဲ့သောနှစ်ကထက် ၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နှင့် ၂၀၁၉ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို(NBS)ထံမှ သိရသည်။

နိုဝင်ဘာလတွင် တရုတ်နိုင်ငံသည် သဘာဝဓာတ်ငွေ ကုဗမီတာ ၁၇ ဒသမ ၇ ဘီလီယံ ထုတ်လုပ်ခဲ့ကြောင်း သိရပြီး နှစ်အလိုက်တိုးတက်မှုနှုန်း ၄ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့သည်။
ယခုနှစ်ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံသည် သဘာဝဓာတ်ငွေ့ တန်ချိန် ၁၀၉ ဒသမ ၇၆ သန်းအား တင်သွင်းခဲ့ပြီး နှစ်အလိုက်တိုးတက်မှု ၂၁ ဒသမ ၈ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း အမျိုးသားစာရင်းအင်းဗျူရို(NBS)၏ အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

———————————
(English Version)
China’s natural gas output up 8.9 pct in Jan-Nov

BEIJING, Dec. 18 (Xinhua) — China saw a rapid increase in its natural gas output in the first 11 months of the year, official data showed.
The country’s natural gas output totaled 186 billion cubic meters during the January-November period, up 8.9 percent from a year ago and 19 percent from the 2019 level, according to the National Bureau of Statistics (NBS).

In November alone, China reported 17.7 billion cubic meters of natural gas production, up 4.4 percent year on year.
During the first 11 months, China imported a total of 109.76 million tonnes of natural gas, soaring 21.8 percent year on year, NBS data showed. ■
Photo – Photo taken on May 12, 2021 shows the Deep Sea No.1 deep-water gas field, 150 kilometers off the city of Sanya in south China’s Hainan Province. (Xinhua/Pu Xiaoxu)