Connect with us

Media

တရုတ်နိုင်ငံ၏ အကြီးဆုံးရေတပ်ကင်းလှည့်သင်္ဘောကိုစတင်အသုံးပြု

ကွမ်ကျိုး၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရေတပ်၏ အကြီးဆုံးကင်းလှည့်သင်္ဘောတစ်စင်းကို ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် စတင်အသုံးပြုခဲ့ကြောင်းသိရသည်။
Haixun 09 ဟု အမည်ပေးထား အကြီးဆုံးကင်းလှည့်သင်္ဘော ကို ရေလမ်းကြောင်းစစ်ဆေးရေးလုပ်ဆောင်မှု နှင့် ရေပိုင်နက်စောင့်ကြပ်ရေးလုပ်ဆောင်မှုများ တိုးမြှင့်လုပ်ဆောင်ရန်အတွက် အသုံးပြုသွားမည်ဖြစ်သည်။
အလေးချိန်အမြင့်ဆုံး တန် ၁၃,၀၀၀ ကိုတင်ဆောင်နိုင်သည့် Haixun 09 သင်္ဘောသည် တရုတ်နိုင်ငံ၏ ပထမဆုံးတန်ချိန်တစ်သောင်းကျော်တင်ဆောင်နိုင်သည့် ကင်းလှည့်သင်္ဘောကြီးတစ်စင်းဖြစ်သည်။
Haixun 09 သည် အလျား ၁၆၅ မီတာ ရှိပြီး အကျယ် ၂၀.၆ မီတာရှိကာ အမြင့် ၉.၅ မီတာရှိသည်။
သင်္ဘောပေါ်တွင် ရဟတ်ယာဉ်ရပ်နားကွင်းနှင့် ဂြိုဟ်တုဆက်သွယ်ရေးစနစ်များနှင့် ချိတ်ဆက်ထားသည့် ဒေတာစင်တာတို့ပါဝင်သည်။
သင်္ဘောကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ဆောင်ရန်နှင့်ရေထုညစ်ညမ်းမှုများကို ကာကွယ်ရန်အသုံးပြုမည်ဟုသိရသည်။ (Xinhua)

……………………
(English Version)
GLOBALink | China’s largest patrol vessel put into service
GUANGZHOU, Oct. 24 (Xinhua) — Haixun 09, China’s first patrol vessel with a displacement exceeding 10,000 tonnes, has been put into service in Guangzhou.
Produced by Xinhua Global Service