Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အင်တာနက်ကိရိယာများ(IOT) ဈေးကွက်သည် ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၃၀၀ ဘီလီယံထိ ရောက်ရှိမည်ဟု အစီရင်ခံတွင် ဖော်ပြ

ပေကျင်း ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်တာနက်ပစ္စည်းကိရိယာများ(IOT) ဈေးကွက်သည် လာမည့် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံထိ ကျော်လွန်ရောက်ရှိသွားမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ အစီရင်ခံစာတစ်စောင် အရ သိရသည်။ယင်းပမာဏသည် စုစုပေါင်း ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ပစ္စည်းကိရိယာများ(IOT) ဈေးကွက်တန်ဖိုး ၏ ၂၆ ဒသမ ၁ ရာခိုင်နှုန်းကျော်ထိ ရှိနေလိမ့်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာအချက်အလက်ကော်ပိုရေးရှင်း(IDC) အဖွဲ့မှ သုတေသနပြုထားသော အစီရင်ခံစာတစ်စောင်ထဲတွင် ပြောကြားထားသည်။

လာမည့် ၅ နှစ်အတွင်း ဟာ့ဒ်ဝဲလ်(hardware) ပိုင်းဆိုင်ရာငွေကြေးအသုံးပြုမှု ရှယ်ယာအမြင့်ဆုံးနဲ့အတူ တရုတ်နိုင်ငံ၏ ဆော့ဝဲလ် (software)၊ ဟာ့ဒ်ဝဲလ် (hardware) နှင့် ဆားဗစ်ပိုင်းဆိုင်ရာ လုပ်ငန်းများ၏ ငွေကြေးသုံးစွဲမှုအပိုင်းသည် တည်ငြိမ်စွာ တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အင်တာနက်မော်တော်ကားများ ၊ စမတ်နည်းပညာသုံး မီတာတိုင်းတာခြင်း ကိရိယာ ၊ မှတ်ဉာဏ်နည်းပညာသုံး လူနေအိမ် နှင့် သတင်းအချက်အလက်ပံ့ပိုးမှု (wearable terminal) ကိရိယာ စသည့် အသုံးအဆောင်များသည် 5G အပါအဝင် အခြေခံအဆောက်အဦပိုင်းတည်ဆောက်ရန် လျင်မြန်စွာ ကြီးထွားလာသည်ကို တွေ့မြင်ရလိမ့်မည်ဟု အစီရင်ခံစာ က ဆိုသည်။

ယခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အင်တာနက်ပစ္စည်းကိရိယာများ သုံးစွဲမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၇၅၄.၂၈ ဘီလီယံထိ ရောက်ရှိနိုင်ပြီး ၂၀၂၁ ခုနှစ် မှ ၂၀၂၅ ခုနှစ်အကြား နှစ်စဉ်တိုးတက်မှုနှင့်အတူ ၂၀၂၅ ခုနှစ် အရောက်တွင် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ပစ္စည်းကိရိယာများ သုံးစွဲမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၂ ထရီလီယံအထိ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

————————————
(English Version)

China’s IoT market to top 300 bln USD in 2025: report

BEIJING, Dec. 5 (Xinhua) — China’s Internet of Things (IoT) market is expected to surpass 300 billion U.S. dollars in 2025, according to an industry report.

The figure will account for about 26.1 percent of the total global IoT market volume, said a report released by research firm International Data Corporation (IDC).

In the next five years, China’s spending on software, hardware and service will maintain steady growth, with the hardware spending taking the lion’s share during the period, according to the report.

Internet of vehicles, smart metering, intelligent home and wearable terminal will see a rapid increase thanks to the construction of infrastructure including 5G, said the report.

The global spending on IoT will reach 754.28 billion U.S. dollars this year, while in 2025 it will top 1.2 trillion U.S. dollars with a compound annual growth rate of 11.4 percent between 2021 and 2025. Enditem

A kid tries a 5G smart education device at the booth of China Unicom during the Light of Internet Expo of the 2020 World Internet Conference (WIC) in Wuzhen, east China’s Zhejiang Province, Nov. 22, 2020. (Xinhua/Li Xin)