Connect with us

Economy

တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းက တိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထား

ပေကျင်း ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသည် ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ် ၁၁ လအတွင်း ဆက်တိုက်တိုးတက်မှုမပြတ် ဖြစ်ပေါ်ခဲ့ပြီး ထုတ်လုပ်မှု ၊ ဝင်ငွေ နှင့် အကျိုးအမြတ်များ တိုးပွားလာကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြခဲ့သည်။၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ အထည်ချုပ်ကုမ္ပဏီကြီး ၁၂,၆၅၉ ခု၏ လည်ပတ်သည့်ဝင်ငွေအားလုံးပေါင်း ယွမ် ၁ ဒသမ ၃၃ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၀၉ ဒသမ ၄၈ ဘီလီယံခန့်) ရှိခဲ့ပြီး ယခင်နှစ်ကထက် ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန (MIIT) ထံမှ သိရသည်။

ယင်းကုမ္ပဏီများ၏ စုစုပေါင်းအကျိုးအမြတ်သည် ယွမ် ၆၆ ဒသမ ၇ ဘီလီယံအထိ ရှိလာခဲ့ပြီး ယခင်နှစ်ကထက် ၁၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ထုတ်လုပ်မှုပမာဏပေါင်းသည် အထည်အရေအတွက် ၂၁ ဒသမ ၃ ဘီလီယံအထိ ယခင်နှစ်ကထက် ၈ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကာလအတွင်း တရုတ်နိုင်ငံ၏ အဝတ်အထည် နှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၅၄ ဒသမ ၄ ဘီလီယံအထိ ၂၅ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း MIIT ၏ အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)
———————————————-
(English Version)

China’s garment industry maintains growth momentum

BEIJING, Jan. 22 (Xinhua) — China’s garment industry continued its streak of expansion in the first 11 months of last year, reporting growth in production, revenue and profit, official data showed.

From January to November last year, the combined operating revenue of 12,659 major garment companies was over 1.33 trillion yuan (about 209.48 billion U.S. dollars), up 7.7 percent year on year, according to the Ministry of Industry and Information Technology (MIIT).
Total profits of these companies rose 12.6 percent year on year to hit 66.7 billion yuan, with the combined output expanding 8.5 percent year on year to 21.3 billion pieces.

In the January-November period, the country’s exports of garments and accessories surged 25.1 percent to 154.4 billion U.S. dollars, the MIIT data showed. ■

Photo – An employee works on the production line of a garment enterprise in Cangzhou, north China’s Hebei Province, Sept. 10, 2021. (Xinhua/Luo Xuefeng)