Connect with us

Media

တရုတ်နိုင်ငံ၏ Geely မော်တော်ယာဉ်ထုတ်လုပ်ရေးမှ လျှပ်စစ်ကားများကိုအစ္စရေးနိုင်ငံတွင်စတင်ရောင်းချ

ဂျေရုဆလင်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းစုကြီးဖြစ်သည့် Geely မော်တော်ယာဉ်လုပ်ငန်းသည် အစ္စရေးအရောင်းကိုယ်စားလှယ်အဖွဲ့ မှတစ်ဆင့် အစ္စရေးနိုင်ငံတွင် လျှပ်စစ်ကားများစတင်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။

အစ္စရေးနိုင်ငံတွင်ရောင်းချမည့်လျှပ်စစ်ကားများမှာ compact crossover car Geometry C အမျိုးအစားဖြစ်ပြီး ကားအရှည် ၄.၄၃ မီတာ နှင့် ရှေ့ဘီးနှင့်နောက်ဘီးအကွာအဝေး ၂.၇ မီတာရှိသည်။

ထိုကားများသည် ပုံစံနှစ်မျိုးရှိပြီး၅၃ ကီလိုဝပ် ဘတ္ထရီဖြင့် ၃၅၀ ကီလိုမီတာခရီးနှင်နိုင်သည့်ပုံမှန်မောင်းအမျိုးအစား နှင့်  ၇၀ ကီလိုဝပ် ဘတ္ထရီဖြင့် ၄၆၀ ကီလိုမီတာခရီးရှည်မောင်းနှင်နိုင်သည့် အမျိုးအစားတို့ဖြစ်သည်။

ခရီးရှည်မောင်းနှင်သည့်ယာဉ်များကို အားသွင်းရန် ပုံမှန်အားဖြင့်အချိန် ၁၁ နာရီကြာမြင့်ပြီး အမြန်အားသွင်းစနစ်အသုံးပြုပါက ၂၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိကို အချိန် ၄၂ မိနစ်သာကြာမြင့်သည်။

ပုံမှန်အမျိုးအစားဘတ္ထရီကို အားသွင်းရာတွင်အချိန် ၈.၅ နာရီကြာမြင့်ပြီးအမြန်အားသွင်းစနစ်အသုံးပြုပါက အချိန် ၃၆မိနစ်သာကြာမြင့်မည်ဖြစ်သည်။

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင်ရုံးအခြေစိုက်သည့် Geely မော်တော်ကားလုပ်ငန်း အား ၁၉၉၇ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး Zhejiang Geely Holding Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။ (Xinhua)

…………………….

(English Version)

GLOBALink | China’s Geely Auto begins selling electric cars in Israel

JERUSALEM, Nov. 11 (Xinhua) — Chinese automaker Geely Auto Group has started selling electric cars in Israel through the Israeli dealership Union Group. #GLOBALink

Produced by Xinhua Global Service